Healthy Life Ad
Health Tips

သင့်ကို ကျန်းမာစေမည့် နှိပ်နယ်နည်းများ

၊ ကိုထက် ၊

ဝေဒနာတွေ ခံစားရချိန်မှာ အလွယ်တကူအသုံးပြုနိုင်တဲ့ နှိပ်နယ်နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) သုက်ကောင်အရေအတွက် များချင်လျှင်
လက်ကောက်ဝတ်အပေါ်ဘက်ရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကိုနှိပ်ပေးရင် သုက်ကောင်ထုတ်လုပ်မှု တိုးစေပါတယ်။

(၂) ပန်းနာရင်ကျပ်ဝေဒနာ သက်သာလိုလျှင်
ခြေဖဝါးအပေါ်ဘက်ရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကိုနှိပ်ပေးရင် အသက်ရှူရတာ ကောင်းစေပါတယ်။

(၃) အအေးမိဝေဒနာ သက်သာလိုလျှင်
ခြေမထိပ်ရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကိုနှိပ်ပေးရင် နှာခေါင်းပိတ်တာ၊ နှာရည်ကျတာတို့ကို သက်သာစေပါတယ်။

(၄) ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာလိုလျှင်
လက်ချောင်းတစ်ချောင်းစီရဲ့ထိပ် ပုံမှာပြထားတဲ့ အမှတ်နေရာတွေကိုနှိပ်ပေးရင် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေပါတယ်။

(၅) အဆစ်ရောင်နာဝေဒနာ သက်သာလိုလျှင်
ခြေဖဝါးဘေးဘက်အသားစိုင်နေရာကို နှိပ်နယ်ပေးရင် အဆစ်တောင့်တင်းနာကျင်မှု သက်သာစေပါတယ်။

(၆) သွေးတိုးကျလိုလျှင်
ခြေဖဝါးအလယ်ရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကိုနှိပ်ပေးရင် သွေးလှည့်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး သွေးတိုးကျစေပါတယ်။

(၇) အိပ်မပျော်ဖြစ်နေလျှင်
ညဘက် အိပ်မပျော်ဖြစ်နေရင် ဘယ်နဲ့ညာလက် သန်းအောက်ခြရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကိုနှိပ်ပေးရင် အပန်းပြေပြီး ကောင်းကောင်းအိပ်မောကျစေပါတယ်။

(၈) ကိုက်ခဲနာကျင်မှု သက်သာလိုလျှင်
ခြေဖဝါးအောက်ခြေရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကို နှိပ်ပေးရင် ကိုက်ခဲနာကျင်မှု၊ အထူးသဖြင့် မိန်းကလေးတွေ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေပါတယ်။

(၉) စိတ်ဓာတ်ကျနေလျှင်
စိတ်ဓာတ်ကျနေရင် ခြေချောင်းတစ်ချောင်းချင်းစီရဲ့ ထိပ်နေရာကို နှိပ်ပေးပါ။ ပျော်ရွှင်မှုဖြစ်စေတဲ့ ဆီရိုတိုနင်ဟော်မုန်း အထွက်တိုးစေပါတယ်။

(၁၀) ပျို့ချင်အန်ချင် ဖြစ်နေလျှင်
ပျို့ချင်အန်ချင်စိတ်ဖြစ်ပေါ်နေရင် ခြေဖဝါးဘေးရှိ ပုံမှာပြထားတဲ့ အသားစိုင်အမှတ်နေရာကိုနှိပ်ပေးပါ၊ ဝေဒနာသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top