Healthy Life Ad
International

အသက်ကယ်ပေးခဲ့သည့် ရဲအရာရှိနှင့်လက်ဖက်ရည် ပါတီပွဲဆင်နွှဲသော သမီးငယ်လေး

၊ မိုးမင်းထွန်း ၊

အသက် ၃၀အရွယ် ရဲတပ်ကြပ် ပက်ထရစ်ရေးဟာ လွန်ခဲ့တဲ့နှစ်က အကြွေစေ့တစ်စေ့မျိုချမိလို့ စာနင်နေတဲ့ အသက် နှစ်နှစ်အရွယ် ဘရက်စလေရဲ့အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။ကလေးရဲ့ပါးစပ်က ပြာနှမ်းလာတာကြောင့် မိခင်ဖြစ်သူက အရေးပေါ်ဖုန်း ၉၁၁ ကို ဆက်ခဲ့ရာ ရေးက မိနစ်ပိုင်းအတွင်းရောက်ရှိခဲ့ပါတယ်။ သူက ကလေးရဲ့ပါးစပ်ကိုဟအောင်ပြုလုပ်ပြီး အရေးပေါ်အသက်ကယ်နည်းနဲ့ အသက်ပြန်ရှူအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ကလေးရဲ့အသက်ပြန်ရှူသံဟာ ဘဝမှာအချိုမြိန်ဆုံးပါပဲ လို့ ရေးက ပြောပါတယ်။ နောက်ပိုင်းမှာကလေးဟာ အကြွေစေ့တစ်စေ့ကို မျိုချမိခဲ့တယ်လို့ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ ရဲတွေရဲ့အလုပ်ထဲမှာ မပါပေမယ့် လျှပ်တစ်ပြက် အသက်ကယ်ပေးခဲ့တဲ့ရေးကို ကျေးဇူးတင်ကြောင်း မိခင်နော်ဗယ်ကပြောပါတယ်။

တစ်နှစ်ပြည့်ပြီးနောက် နိုဗယ်က ထိတ်လန့်စရာနေ့အထိမ်းအမှတ်အဖြစ် လက်ဖက်ရည် ပါတီပွဲတစ်ပွဲကို ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ရေးကို ဖိတ်ခေါ်ခဲ့ပြီး ရေးနဲ့ ဘရက်စလေတို့ နှစ်ယောက်ရဲ့ ပါတီကျင်းပနေပုံတွေကို ဓာတ်ပုံဆရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ရေးနဲ့ ကလေးငယ်တို့ဟာ ခင်ခင်မင်မင်ရှိခဲ့ကြပြီး မိတ်ဆွေတွေတောင်ဖြစ်သွားကြပါတယ်။ဘဝမှာ ကျေးဇူးရှိဖူးသူတွေနဲ့ ခင်ခင်မင်မင် အမြဲနေလိုကြောင်းနဲ့ ဒီပွဲက ပျော်ရွှင်စရာ မိတ်ဆွေဖြစ်ခြင်းရဲ့ အစပါပဲလို့ မိခင်နိုဗယ်က ပြောပြခဲ့ပါတယ်။

(Ref;CNN)

Most Popular

Healthy Life Ad
To Top