Healthy Life Ad
International

လေးနှစ်အရွယ်ကလေးမလေးက ဘာသာစကား ၇ မျိုး ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်

၊ မိုးမင်းထွန်း ၊

ရုရှားနိုင်ငံမှာ အသက် ၄ နှစ်အရွယ် ဘယ်လာ ဒီယက်ထကီနာက ဘာသာစကား ခုနစ်မျိုးကို ပြောနိုင်ပါတယ်။ မော်စကိုမှာနေထိုင်တဲ့ ကလေးငယ်က အံ့သြဖွယ် ကိုယ်ရည်ကိုယ်သွေးပြိုင်ပွဲ (Incredible)မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး အင်္ဂလိပ်၊ ဂျာမန်၊ စပိန်၊ ပြင်သစ်၊ တရုတ်၊ အာရပ်နဲ့ ရုရှား ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်ပြောပြနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ သက်ဆိုင်ရာဘာသာစကား ကျွမ်းကျင်သူတွေက စစ်ဆေးကြတာဖြစ်ပြီး ဘယ်လာက တစ်ယောက်စီရှေ့မှာ အောင်မြင်စွာ အစစ်ဆေးခံနိုင်ခဲ့ကာ သီချင်းတစ်ပုဒ်တောင် ဆိုပြနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်စကားစစ်ဆေးရာမှာ ဘယ်လိုဒိုင်နိုဆောမှာ ဆူးတောင်နှစ်တန်းပါသလဲဆိုတဲ့ မေးခွန်းဖတ်ခိုင်းပြီး ဖြေခိုင်းခဲ့ရာမှာ ဘယ်လာက Stegosaurus လို့ မဆိုင်းမတွအဖြေပေးနိုင်ခဲ့ပါတယ်။ အသက် နှစ်နှစ် အရွယ်ကတည်းက သူရဲ့မိခင်က ကလေးထိန်းတွေ အများကြီးငှားကာ ဘာသာစကားမျိုးစုံ သင်ကြားစေခဲ့တယ်လို့ ပြောပြပါတယ်။ ဘယ်လာရဲ့ပြိုင်ပွဲကို YouTubeမှာ ကြည့်ရှုသူ ၆သိန်းကျော်ရှိနေပြီဖြစ်ကာ လူအများအံ့သြချီးကျူးခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရပါက ဆုကြေးငွေအမေရိကန်ဒေါ်လာ ၂၀,ဝဝဝ ကျော်ရရှိမယ်လို့ သိရပါတယ်။

စိတ်ပညာရှင်တွေအဆိုအရ ကလေးအရွယ်မှာ ဘာသာစကားသင်ယူတာကောင်းပြီး အသက် ၃နှစ် နဲ့ ၄နှစ်အရွယ်ဟာ အသင့်တော်ဆုံးအချိန်လို့ ပြောပါတယ်။ ဘာသာစကားတစ်မျိုးထက်တတ်တဲ့ မိဘတွေရဲ့သားသမီးတွေက ဉာဏ်ရည်မြင့်မားလေ့ရှိကြကြောင်းလည်း သိရပါတယ်။

(Ref; NZH, NAU)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top