Healthy Life Ad
Q & A

မုတ်ဆိတ်ရိတ်ဓားမျှသုံးရင် ဘီပိုး၊ စီပိုးကူးနိုင်လား

မေး ။ သူများ မုတ်ဆိတ်ရိတ်ဓားကိုယူပြီးရိတ်ရင် ဘီပိုး၊ စီပိုးကူးနိုင်ပါသလား ခင်ဗျာ။ ကျွန်တော့်အခန်းဖော် သူငယ်ချင်းက ဘီပိုးရှိတယ်လို့ သိရလို့ပါ။ ကျွန်တော် သူ့မုတ်ဆိတ်ရိတ်ဓားနဲ့ မုတ်ဆိတ်ရိတ်ဖူးပါတယ်။ အခု ကျွန်တော်ဘာလုပ်သင့်ပါသလဲ။
ကိုပေါက်၊ လှည်းတန်း။

ဒေါက်တာမြတ်ထွဋ်ညွှန့် မှ ပြန်လည် ဖြေကြားပေးသည် ။

ဖြေ ။ မုတ်ဆိပ်ရိတ်နေစဉ်ဓားရှပြီး သွေးစသွေးနထွက်မယ်၊ သိပ်မကြာခင်မှာပဲ နောက်တစ်ယောက်က ယူ သုံးမယ်ဆိုရင် ဘီပိုးကူးစက်နိုင်ခြေရှိပါတယ်။ ကျိန်းသေပေါက်ကူးနိုင်တာတော့ မဟုတ်ပါဘူး။ သံသယ ဖြစ်နေရင် သွေးစစ်ပြီး ဘီပိုးရှိမရှိ စစ်ဆေးပါ။ ပိုးမရှိရင် ဘီပိုးကာကွယ်ဆေးထိုးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top