မေး. ကျွန်မအသက်က ၂၃နှစ်ပါ။ အခုဆို ၂လရှိပြီ။ တစ်လကို ဓမ္မတာ ၂ကြိမ်လာတာပါ။ ပထမ လစမှာ တစ်ကြိမ်၊ ပြီးတာနဲ့ အဖြူဆင်းတယ်။ နည်းနည်းတော့များတယ်ရှင့်.. လကုန်ခါနီးဆိုရင် နောက်တစ်ကြိမ် ထပ်လာပါတယ်ရှင့်။ ဘာတွေဖြစ်နိုင်လဲဆိုတာ သိချင်လို့ပါ။ ကျွန်မကအိမ်ထောင်ရှင်ပါ။ အိမ်ထောင်နဲ့ ကွဲသွားတာကတော့ ၁နှစ်ရှိပြီရှင့်။
HSL (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. အမျိုးသမီးတွေမှာ အများအားဖြင့် ၂၈ရက်တစ်ခါ ရာသီလာရလေ့ရှိပါတယ်။ အစောဆုံး ၂၁ရက် တစ်ခါလာတတ်တာမျိုးလည်း ရှိပါတယ်။ ဒီ့ထက်တိုတောင်းခဲ့မယ်ဆိုရင် ဟော်မုန်းမညီမျှမှုတွေ၊ ဖိစီးမှုများလွန်းတာတွေ၊ သားဥအိမ်ဆိုင်ရာ တချို့ရောဂါတွေ၊ သိုင်းရွိုက်ဟော်မုန်းဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒါ့ကြောင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာပြသပြီး ကုသမှုရယူဖို့ အကြံပြုလိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)