Healthy Life Ad
International

နယူးယော့ခ်၏ အကြီးဆုံးကြောင်ကြီး ဆမ်မ်ဆန်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှ ကြောင်ကြီးဆမ်မ်ဆန်ဟာ အလေးချိန် ၂၈ ပေါင်ရှိပြီး ၄ပေရှည်ပါတယ်။ မြို့ရဲ့အကြီးဆုံးကြောင်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။

ဆမ်မ်က ခွေးတွေလို ပိုင်ရှင်ပစ်လိုက်တဲ့ပစ္စည်းကို ပြန်ရှာပေးလေ့ရှိပြီး ချစ်စရာကောင်းတဲ့ သွင်ပြင်ကြောင့် လူချစ်လူခင်များပြားနေပြီး Instagram မှာ ပရိသတ် ၁ သိန်းကျော်ရှိကြောင်း သိရပါတယ်။ ၄ နှစ်အရွယ်ကြောင်ကြီးကို ပိုင်ရှင် ဂျွန်နသန်ဇာဘယ်က သူ့အစ်ကိုဆီက လက်ဆောင်ရခဲ့တာဖြစ်ပြီး Instagram မှာ ပုံတွေတင်ရာကနေ အားပေးချစ်ခင် သူပရိသတ်များပြားလာကြောင်း ပြောပါတယ်။

ဆမ်မ်က တစ်နေ့ စည်သွတ်ဘူး ၆ဘူးစာ အစာတွေစားလေ့ရှိပြီး ခန္ဓာကိုယ်က ပိုပိုကြီးထွားလာ နေပါတယ်။ လအနည်းငယ်ကြာတိုင်း ပြုစုစောင့် ရှောက်စရိတ် စတာလင်ပေါင် ၉၄ပေါင် ကုန်ကျလေ့ ရှိပါတယ်။ နူးညံ့သဘောကောင်းကာ ဒေါသနည်းပြီး ခွေးတွေနဲ့ဆက်ဆံရေးလည်း ကောင်းကြောင်း သိရပါတယ်။ တိရစ္ဆာန်ဆရာဝန်ဆီ ပုံမှန်ပြသလေ့ရှိပြီး ဆေးခန်းမှာလာပြတဲ့ကြောင်တွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန်ကြောင်အိမ်တွေနဲ့ မဆံ့တာကြောင့် ခွေးထည့်တဲ့အိမ်ထဲထည့်ပြီး အပြင် ထွက်ရကြောင်းသိရပါတယ်။

ဆမ်မ်ကြောင့် ပိုင်ရှင်ဖြစ်သူမှာလည်း မျက်နှာပွင့်နေရပြီး အိမ်ကိုလာလည်ချင်တဲ့ မိန်းကလေး တွေအများကြီးရှိနေကြောင်းနဲ့ ဆမ်မ်ကသူရဲ့အောင်သွယ်တော်ဖြစ်နေကြောင်း ဂျွန်နသန်က ပြောပြပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top