Healthy Life Ad
Life Style

ခါးနှင့် ကျောရိုးမကြီးကို ထိခိုက်စေနိုင်သည့် အမူအကျင့်များ

ငွေကြယ်စင်ယံ
လူအများစုဟာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ခါးနာဖူးကြမှာပါ။ ခါးနာတဲ့ ဝေဒနာအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဆေးကုသမှု မလိုအပ်ဘဲ သူ့အလိုလိုပျောက်ကင်းသွားတတ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျောရိုးမကြီးမှာ အလွန် အရေးကြီးတဲ့ လုပ်ဆောင်မှုသုံးခုရှိပါတယ်။ အဲဒါ တွေကတော့ (၁) နာ့ဗ်ကျောရိုးကို ကာကွယ်ဖို့၊ (၂) ကိုယ်အလေးချိန်ကို ထိန်းဖို့နဲ့ (၃) ခန္ဓာကိုယ်ပျော့ပျောင်းသန်စွမ်းစေဖို့ဆိုတဲ့ အချက်သုံးချက်ပါ။ ဒီ လုပ်ဆောင်မှုတွေအားလုံးကို ကောင်းကောင်းမွန်မွန် လုပ်နိုင်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံ၊ မျှတတဲ့ အစားအသောက်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်မှု စတာတွေကို လိုက်နာရပါမယ်။ ဒါ့အပြင် ခါးနဲ့ ကျောရိုးမကြီး ထိခိုက်မှုမဖြစ်စေဖို့ အောက်ပါ အကျင့်တွေကို ရှောင်သင့်ပါတယ်။

မွေ့ရာဟောင်းပေါ် အိပ်စက်ခြင်း
လက်ရှိမွေ့ရာက သက်တမ်း ၁၀ နှစ်နေပြီဆိုရင် သင့်ခါးနဲ့ ကျောရိုးမကြီးကို ပံ့ပိုးပေးနိုင်စွမ်း မရှိတော့ပါဘူး။ အိပ်ရာကထတိုင်း ခါးနာနေတယ်၊ ကျောအောင့်နေတယ်ဆိုရင် မွေ့ရာအသစ်ဝယ်ဖို့ အချိန်တန်နေပါပြီ။ မွေ့ရာက မပျော့လွန်း၊ မမာလွန်းတဲ့ အမျိုးအစားဖြစ်ပြီး ခါးနဲ့ နောက်ကျောကို ကောင်းကောင်းထောက်ပံ့ပေးနိုင်ရပါမယ်။

အိတ်က လေးလံလွန်းခြင်း
သင်လွယ်တဲ့ အိတ်က သင့်ခါးနဲ့ ကျောရိုးမကြီးကို ဒဏ်သက်ရောက်မှု ဖြစ်စေနိုင်သလား။ တကယ်တော့ သင့်ပခုံးပေါ်မှာ လွယ်တဲ့ အိတ်က သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်သင့်ပါဘူး။ သင့်ခါးနဲ့ ကျောရိုးမကြီးကို ဒဏ်မဖြစ်စေချင်ရင် လေးလွန်းတဲ့ အိတ်ကို ရှောင်ပါ။

ဒေါက်ဖိနပ်မြင့်မြင့်စီးခြင်း
ဒေါက်မြင့်ဖိနပ်စီးတာကြောင့် ခါးပေါ်မှာ ဖိအား သက်ရောက်မှု အလွန်အမင်းဖြစ်စေနိုင်ပါတယ်။ မကြာခဏ ခါးနာတတ်ရင် ဖိနပ်ပါးကိုပဲစီးပါ။ ဒါမှမဟုတ် သင့်ခြေထောက်နဲ့ သင့်ကိုယ်နေဟန်ကို သက်သောင့်သက်သာရှိစေမယ့် ဖိနပ်အမြင့်ကိုရွေးစီးပါ။

တစ်ချိန်လုံး ထိုင်နေခြင်း
အချိန်ကြာကြာ ထိုင်ရင် ကိုယ်နေဟန်နဲ့ အထွေထွေကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကျောရိုးမကြီးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာရှေ့ထိုင်ပြီး ကြာကြာ အလုပ်လုပ်ဖို့လိုရင် မကြာခဏအနားယူပြီး အကြောဆန့်ပေးပါ။

ကြာကြာ ကားမောင်းခြင်း
သင့်အိမ်က သင့်ရုံးနဲ့ မိုင်များစွာအကွာမှာ ရှိနေရင် နေ့စဉ်အချိန် ကြာကြာကားမောင်းပြီး အသွားအပြန် လုပ်နေရတာက ကျောရိုးနဲ့ ခါးကျန်း မာရေးကို ထိခိုက်စေနိုင်ပါတယ်။

အမြဲ စိတ်ဖိစီးမှု ခံနေရခြင်း
စိတ်ဖိစီးမှုကို နာတာရှည် ခံစားနေရရင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာကြောင့် ဗိုက်မှာအဆီစုပုံစေတဲ့အတွက် ခါး နဲ့ကျောရိုးမကြီးကျန်းမာရေးကို ထိခိုက်စေပါတယ်။

လှုပ်ရှားမှုနည်းပြီး အထိုင်များသော နေထိုင်မှုပုံစံ ရှိခြင်း
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ပေါင်အပိုတွေများစေပြီးအဆစ်တွေကို ဒဏ်သက်ရောက်စေနိုင်ပါတယ်။ ထိုင်ထလေ့ကျင့် ခန်းလုပ်တာနဲ့ လက်ထောက်မှောက်လေ့ကျင့်ခန်း လုပ်တာတွေက သင့်ခါးအောက်ပိုင်းကို ထိခိုက်စေတဲ့အတွက် စစချင်းမှာ အလွန်အကျွံ မလုပ်သင့်ပါဘူး။
Ref; HD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top