Healthy Life Ad
International

၁၂ နှစ်အရွယ်လူငယ်လေးက အသက်အငယ်ဆုံး တက္ကသိုလ်ကျောင်းသားဖြစ်လာ

၊ မိုးမင်းထွန်း ၊

၁၂ နှစ်အရွယ် လူငယ်တွေက ပုံမှန်ဗီဒီယိုဂိမ်းတွေ ကစားရင်း၊ စက်ဘီးလေးတွေစီးရင်း ဘဝကို ဖြတ်သန်းနေလေ့ရှိပါတယ်။ ဂျရမီရှူလာကတော့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှကော်နယ် တက္ကသိုလ်မှာ ပထမနှစ်စတက်တော့မှာဖြစ်ပါတယ်။

ကျောင်းမှတ်တမ်းတွေအရ သူက အသက်အငယ်ဆုံး တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ အသက်နှစ်နှစ်သားကတည်းက ပါရမီရှင်လူငယ်လေးဟာ အင်္ဂလိပ်နဲ့ ကိုရီးယားစာအုပ်တွေ ဖတ်နိုင်ခဲ့ပြီး အသက် ၆ နှစ်အရွယ်မှာ ကဲကုလသင်္ချာတွေ တွက်ချက်နိုင်နေပါပြီ။ ဒုံးပျံအင်ဂျင်နီယာမိဘတွေက မွေးဖွားခဲ့တဲ့ ဂျရမီက အသက် ၁၀နှစ်အရွယ်မှာ SAT စာမေးပွဲကို အောင်မြင်ခဲ့ပြီး သင်္ချာနဲ့သိပ္ပံဘာသာတွေမှာ အမှတ်မြင့်နဲ့ အောင်မြင်ခဲ့တာက သူ့ကိုတက္ကသိုလ်တက်ဖို့ အဆင့်မှီစေခဲ့ပါတယ်။

သူရဲ့မိခင်ကတော့ တက္ကသိုလ်မှာ ပေါင်းသင်းဆက်ဆံရေး အခက်အခဲရှိမှာ စိုးရိမ်နေပါတယ်။ ဂျရမီက ေကျာင်းတက်ရမှာ ကြောက်တာထက် အသက်ကြီးတဲ့ အတန်းဖော်တွေနဲ့ ပေါင်းသင်းဆက်ဆံရမှာဖြစ်လို့ စိတ်လှုပ်ရှားတာက ပိုကြောင်းပြောပါတယ်။ စာတွေက အခုအချိန်ထိလွယ်နေသေးကြောင်းနဲ့ နောက်ပိုင်းမှာ ပိုခက်လာမှာသေချာကြောင်း သူက ဆက်ပြောပါတယ်။

ကော်နယ်အင်ဂျင်နီယာဌာနမှူး လန့်စ်ကောလင်းကတော့ ကလေးရဲ့အနာဂတ်ကိုပြောဖို့ စောသေးကြောင်းနဲ့ သူ့ဉာဏ်ရည်နဲ့ ပုံမှန်ကြိုးစားသွားရင် တစ်ချိန်မှာ အရင်ကမဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top