Healthy Life Ad
International

မွေးဖွားချိန်တွင် ကိုယ်အလေးချိန်၈အောင်စသာရှိသည့် ကမ္ဘာ့အသေးဆုံးကလေး

၊ မိုးမင်းထွန်း ၊ (Ref;DM)

ဂျာမနီနိုင်ငံမှအီမီလီယာဂါဘာဆစ်ဆိုတဲ့ ကလေးငယ်ဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၈အောင်စသာရှိပြီးကမ္ဘာ့အသေးဆုံးကလေးအဖြစ် စံချိန်တင်နိုင်တယ်လို့သိရပါတယ်။ သားဖွားခွဲစိတ်ပညာရှင် ပါမောက္ခဒေါက်တာဆဗင်ရှီယာမီယာက မိခင်အချင်းမှာပြဿနာရှိကာ ကလေးဆီအာဟာရမရောက်ရှိတာကြောင့် မိဘတွေနဲ့တိုင်ပင်ကာ ကိုယ်ဝန် ၂၆ ပတ်သားမှာ ဗိုက်ခွဲမွေးဖွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ကိုယ်ဝန်၂၆ပတ်မှာ သားလောင်းကိုယ်အလေး ချိန် ၂၁ အောင်စပတ်ဝန်းကျင်ရှိတတ်ပေမယ့် အီမီလီယာကတော့ ၈ အောင်စသာရှိခဲ့ပါတယ်။ ၁၄ အောင်စရှိတဲ့ ကလေးတွေတောင် အသက်ရှင်ဖို့ခဲ ယဉ်းတာကြောင့် အသက်ရှင်နိုင်ခြေနည်းပါးကာ ရှင်ခဲ့ရင်လည်းမသန်စွမ်းဖြစ်မှာ စိုးရိမ်ခဲ့ကြပါတယ်။ ခြေထောက်လေးတွေက လက်သည်းခွံအရွယ်အစား သာရှိတဲ့ကလေးလေးကို ပြွန်သေးသေးလေးနဲ့အစာ ကျွေးခဲ့ရပါတယ်။

ခြောက်လကျော်ကြာတဲ့အထိ အီမီလီယာလေး အသက်ရှင်၊ မရှင်မသေမချာဖြစ်နေတုန်း ရှိပါသေးတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်ကမှကလေးဟာ သန်စွမ်းလာခဲ့ပြီး ကိုးလကြာပြီးနောက်မှာ ကလေးရဲ့ကိုယ်အလေးချိန်ဟာ ၇ပေါင် ၂ အောင်စရှိ လာခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ စုပေါင်းအားထုတ်မှုအပြင် အီမီလီယာရဲ့ ရှင်သန်လိုတဲ့ သဘာဝကြောင့် ဒီလိုအံ့သြစရာ အသက်ရှင်သန်နိုင်ခဲ့တယ်လို့ ဒေါက်တာဆဗင်ကပြောပြပါတယ်။ ကလေးမလေးကိုအနိုင် မခံအရှုံးမပေးတတ်သူလေးဆိုပြီး ချစ်စနိုးခေါ်ဝေါ် နေကြပါတယ်။ မိခင်ဖြစ်သူကတော့ ခက်ခဲတဲ့နေ့ ရက်တွေရင်ဆိုင်ခဲ့ရပေမယ့် အသက်ရှင်သန်နိုင်ခဲ့တဲ့ သမီးငယ်လေးကြောင့် အားတက်ပျော်ရွှင်ရကြောင်း ပြောပြပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top