Healthy Life Ad
Q & A

ငွေဖြည့်ကတ်ကို လက်သည်းနဲ့ခြစ်ရင်ကင်ဆာ ဖြစ်နိုင်သလား . . .

မေး ။ ။ ငွေဖြည့်ကတ်မှာပါတဲ့ လျှို့ဝှက်နံပါတ်ကို လက်သည်းနဲ့ ခဲခြစ်မယ်ဆိုရင် အချိန်ကြာတဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်ဘဲ ကြာရင် ကင်ဆာဖြစ်တတ်တယ်လို့ ကြားဖူးပါတယ် ဟုတ်ပါသလား။

ဟန်မင်းမောင် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ ငွေဖြည့်ကတ်မှာသုတ်လိမ်းတဲ့ ခဲဓာတ်ကအဆိပ် သင့်နိုင်လောက်တဲ့အထိ မရှိဘူးလို့ ဆိုကြပါတယ်။ ခဲဆိပ်သင့်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ လည်း မပါပါဘူး။ မိုးမပြို ပြိုခဲ့သော်ဆိုပြီး သတိထားချင်ရင်တော့ခဲခြစ်ပြီးတိုင်း လက်ဆေးလိုက်ရုံပါပဲ။ ခဲဆိပ်သင့်နိုင်တဲ့ အဓိကအချက်တွေဖြစ်တဲ့ အိမ်သုတ်ဆေးတွေ၊ ခဲဆိပ်ပါနေတဲ့ ရေ၊ မြေကြီး၊ ကလေးက စားစရာအရုပ်တွေ စတာတွေကို ပိုသတိထားဖို့လိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top