Healthy Life Ad
Humour

စာနာတတ်လိုက်ပုံက

ဆေးဆိုင်ကို လူတစ်ယောက်လာပြီး ဆေးဝယ်ပါတယ်။

“ ထိရောက်တဲ့ အကိုက်အခဲ ပျောက်ဆေးပေးပါဗျာ”

“ ဟုတ်ကဲ့ ဦးလေး၊ ကိုက်ခဲနေတာက ကလေးလား၊ လူကြီးလား၊ ဘယ်အရွယ်လဲ”

“ ကလေးလည်း မဟုတ်ဘူး၊ လူကြီးလည်း မဟုတ်ဘူး၊ ခွေးပါ”

“ ရှင် . . ခွေးကိုက်ခဲနေတယ်လို့ ဦးလေး ဘယ်လိုလုပ်သိတာလဲ”

“ ဒီလိုဗျာ. . မနေ့က သူတခြားခွေးတစ်ကောင်နဲ့ ကိုက်ပြီး ရန်ဖြစ်လာတယ်၊ အဲဒီတော့ ဒီနေ့ သူကိုက်ခဲနေလိမ့်မယ်ထင်လို့ . .”

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top