Healthy Life Ad
Health Tips

ရေကြီးခြင်းကြောင့် နောက်ဆက်တွဲကျန်းမာရေး ထိခိုက်မှုများ မရရှိစေရန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရေကြီးတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ မြေပြိုတာ၊ လျှပ်စစ်ဓာတ်လိုက်တာ၊ ထိခိုက်တာ၊ အအေးမိတာ၊ အဆုတ်အအေးမိတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊အစာအဆိပ်သင့်တာ စတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်ပွားတတ်ပါတယ်။ ဒါတွေမဖြစ်စေဖို့ သတိပြုဆင်ခြင်သင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

– ရေကို ကျိုချက်သောက်ပါ

ရေကတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ တခြား ကူးစက်ရောဂါတွေဖြစ်ပွားတတ်တာကြောင့် ရေကို ကျိုချက်ပြီးသောက်ပါ၊ ဒါမှမဟုတ် ကလိုရင်းခတ်ထားတဲ့ ရေကိုသောက်ပါ။ မြစ်ရေ၊ ချောင်းရေနဲ့မသန့်ရှင်းတဲ့ ရေတွေကို မသောက်သင့်ပါဘူး။

– လတ်ဆတ်မှုမရှိသော အစာကို စားပါ

အစာစားတဲ့အခါ ရက်လွန်အစားအစာ၊ လတ်ဆတ်မှု မရှိတဲ့ အစားအစာ၊သိုးနေတဲ့ အစာနဲ့ သန့်ရှင်းမှုမရှိတဲ့ အစာတွေကိုရှောင်သင့်ပါတယ်။ အမှည့်လွန်သစ်သီးတွေကို မစားသင့်ပါဘူး။ အမျိုးအမည်မသိတဲ့ အစာတွေကို သတိပြုဆင်ခြင်ပါ။ လတ်ဆတ်မှုရှိတဲ့ အစားအသောက်တွေကိုပဲ တတ်နိုင်သမျှ ရွေးချယ်စားသုံးပါ။

– တစ်ကိုယ်ရေ သန့်ရှင်းရေးအလေးထားပါ

အိမ်သာတက်ပြီးချိန်မှာ လက်တွေကို သေချာဆေးကြောပါ၊ အစာစားခါနီးမှာလက်တွေကို သေချာဆေးကြောပါ။ ရေတွင်းရေကန်တွေနားမှာ အညစ်အကြေးမစွန့်ပါနဲ့။

– ရေကြီးနေချိန် တတ်နိုင်သမျှ အပြင်မထွက်ပါနှင့်

ရေကြီးနေချိန်မှာ မြောင်းတွေထဲချော်ကျနိုင်တဲ့အတွက် တတ်နိုင်သမျှအပြင်မထွက်ဘဲ အမိုးအကာ အောက်မှာပဲနေသင့်ပါတယ်။ ရေမြောင်းတွေကိုဖြတ်လျှောက်မယ်ဆိုရင် တုတ်တစ်ချောင်းနဲ့ချိုင့်ခွက် ရှိ၊ မရှိ စမ်းပြီး သွားလာသင့်ပါတယ်။

– လျှပ်စစ်ဓာတ်လိုက်သည့် အန္တရာယ်အလေးထားပါ

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေချိန်မှာ ဓာတ်ကြိုးတွေကို လက်နဲ့ကိုင်တွယ်တာမျိုး မလုပ်မိပါစေနဲ့။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top