Healthy Life Ad
Life Style

သင့်ဘဝ အောင်မြင်ရေးနည်းဗျူဟာများ

ကိုမိုး

လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး အစစအရာရာ အဆင်ပြေအောင်မြင်ပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေရှိ ပါတယ်။

အောက်ခြေမှစပြီး ကျွမ်းကျင်အောင် လုပ်ဆောင်ပါ
လေ့လာမှုအရ အပင်တစ်ပင်ကို ရေလောင်းတဲ့အခါ အကောင်းဆုံးနည်းက အပေါ်က စလောင်းတာထက် အပင်ခြေက စတင်လောင်းပေးပါ။ အိုးနဲ့ စိုက်တဲ့ အပင်ဆိုရင် တစ်နာရီမှာ ရေနှစ်လက်မလောက် နစ်မြုပ်ရုံလောင်းထည့်ပေးရင် ရှင်သန်လန်းဆန်းနေပါလိမ့်မယ်။ အလုပ်မှာလည်း အလားတူပါပဲ။ အောင်မြင်ချင်ရင် အောက်ခြေကစပြီး ကျွမ်းကျင်အောင် လုပ်ဆောင်ပါ။

ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ရန် ပူးပေါင်းဆောင်ရွက်ပါ
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လာရင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ တူညီတဲ့ အဖြေတစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ “ ထိခိုက်ဒဏ်ရာရမှုကို ရှောင်ရှားလိုရင် သေဆုံးလိုက်ပါ၊ ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်ရှားလိုရင် ပူးပေါင်းဆောင်ရွက်လိုက်ပါ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်နဲ့ ရန်ဖြစ်နေမယ့်အစား အချိန်တိုတောင်းလှတဲ့ ဘဝခရီးလမ်းမှာ တစ်ဦးနဲ့ တစ်ဦး မတူတာတွေ ခွဲလုပ်ပြီး တူတာတွေကို ပူး ပေါင်း လုပ်ဆောင်သွားဖို့လိုပါတယ်။

သူတစ်ပါးကို ဆွဲဆောင်နိုင်ရန် အားကောင်းသော ပုံပြင်နှင့် စပါ
ဒါက အဟောအပြောပညာရှင် ဝါးနစ်ရဲ့ အကြံပြုချက်ဖြစ်ပါတယ်။ လူအများကို ဟောပြောပို့ချမှု တစ်ခုပြုလုပ်ရာမှာ အရင်ဆုံး လူအများရဲ့ အာရုံစူးစိုက်မှုကို ရရှိစေဖို့ ရေပန်းစားတဲ့ ဆွေးနွေးတင်ပြမှုနဲ့ စတင်လိုက်ပါ။ အဲဒီအချိန်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာပြီး ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

အိမ်ထောင်ရေးသုခရရှိစေရန် အကောင်းမြင်သော စွမ်းအင်များ ဖြန့်ဝေပါ
အိမ်ထောင်ရေး သုခရရှိစေဖို့ အကောင်းမြင်တဲ့အတွေးနဲ့ အဆိုးမြင်အတွေးတွေကို ၅း ၁ လို့အချိုး ချပြီးနေထိုင်ပါ။ အဆိုးမြင်တဲ့အတွေး တစ်ခုတွေးမိတိုင်း အကောင်းဘက်ကနေ ၅ ခု ပြန်စဉ်းစားကြည့်လိုက်ပါ။ ဒါဆိုရင် ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ၁၄ နှစ်ကြာလေ့လာမှုအရ စိတ်ကုပညာရှင် ဂျွန်ဂေါ့ဒ်မန်းက ဆိုပါတယ်။

အိမ်ထောင်ကွဲသွားတဲ့ စုံတွဲတွေမှာတော့ အကောင်းမြင်အတွေးနဲ့ အဆိုးမြင်အတွေးက ဝ ဒသမ ၈ း ၁ နီးပါးရှိတယ်လို့ ဂေါ့ဒ်မန်းက ဆိုပါတယ်။ ဆိုလိုတာက အကောင်းမြင်တာကနည်းပြီး အဆိုးမြင်တဲ့ အတွေးကများလွန်းရင် အိမ်ထောင်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ပျော်ရွှင်ပြီး အဆင်ပြေတဲ့ စုံတွဲတွေကတော့ တစ်ဦးနဲ့တစ်ဦး အပြစ်မြင်တာထက် အကောင်းမြင်တာက ငါးဆပိုများနေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top