Healthy Life Ad
International

အင်ဒိုနီးရှားမှ ၁၀ နှစ်သားအရွယ် ကိုဖက်တီး

၊ မိုးမင်းထွန်း ၊

အင်ဒိုနီးရှားနိုင်ငံ၊ ဆီပါဝါဆာရီကျေးရွာမှ အသက် ၁၀ နှစ်အရွယ် အာယာပါမာနာဟာ ကိုယ်အလေးချိန် ပေါင် ၄၂၀ ရှိပါတယ်။ သူရဲ့ ဝလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် လမ်းမလျှောက်နိုင်တော့ပါဘူး။ ကျောင်းကိုလည်းမသွားနိုင်တော့ပါဘူး။ သူနဲ့သင့်တော်မယ့် အဝတ်အစားမရှိတာကြောင့် အင်ဒိုနီးရှားရိုးရာ ပုဆိုးကိုပဲ အမြဲဝတ်ဆင်ထားရပါတယ်။ အသက်ရှူရခက်တာကြောင့် နံရံကိုမှီပြီးသာ အိပ်စက်ရတဲ့အတွက် သူ့နဖူးမှာလည်း ပွန်းရာပဲ့ရာတွေဖြစ်နေပါတယ်။

ကမ္ဘာ့အဝဆုံးကလေးဆိုပြီး အထူးအဆန်း အနေနဲ့ အနီးအနားကျေးရွာတွေကတောင် သူ့ကိုလာရောက်ကြည့်ရှုလေ့ရှိပါတယ်။ အာယာက တစ်နေ့၅ကြိမ် အစာစားပြီး တစ်ခါစားတိုင်း အများကြီးစားလေ့ရှိတယ်လို့ သူ့မိခင်က ပြောပြပါတယ်။ မကြာခင်က အဝလွန်တာနဲ့ ပတ်သက်ပြီး ဆေးရုံမှာ သွားရောက်စစ်ဆေးခဲ့ပေမယ့် ဆရာဝန်တွေက အာယာမှာ ဘာရောဂါမှမရှိဘူးလို့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အစားအစာကိုလျှော့စားဖို့ အကြံပေးခဲ့ကြပါတယ်။

မူဆလင်ရာမဒန်ဥပုသ်လအတွင်း အာယာက သူနဲ့သက်တူ တခြားကလေးတွေလိုပဲ ဥပုသ်စောင့်ခဲ့ သေးတယ်လို့သိရပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ဗိုက်နာတဲ့ဝေဒနာ ခံစားရတာကြောင့် ဥပုသ်လအစောပိုင်းမှာပဲ နေဝင်ချိန်အထိမစောင့်နိုင်တော့ဘဲ အစာပြန်စားခဲ့တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top