Healthy Life Ad
Life Style

Lဘောက်နူး၏ကျန်းမာလှပ လူမှုဘဝ

“ကျန်းမာမှ မိမိလျှောက်လှမ်းချင်တဲ့ လမ်းကို သွားနိုင်မှာ ဖြစ်ပါတယ်”

– လတ်တလောမှာ ဘယ်လို အနုပညာလှုပ်ရှားမှု တွေ ဆောင်ရွက်နေပါသလဲ။
ညီမက အခုရက်ပိုင်းအတွင်း မဂ္ဂဇင်း၊ ဂျာနယ် ကာဗာတွေ ရိုက်ဖြစ်နေပါတယ်။

Missတစ်ယောက်မှာ ပရဟိတအလုပ်က ဘယ်လောက်ထိ အရေးပါတယ်လို့ ညီမ ထင်ပါသလဲ။
Miss တစ်ယောက်မှာ ပရဟိတအလုပ်က အရမ်းအရေးကြီးပါတယ်။ Miss တစ်ယောက်ဟာ အများပြည်သူတွေရဲ ့ စောင့်ကြည့်မှုကို ခံရတဲ့အတွက် အများပြည်သူအတွက် အကျိုးရှိမယ့် ပရဟိတအလုပ် ကိုပိုလုပ်သင့်ပါတယ်။ ပရဟိတအလုပ်ဆိုတာကတော့ ဘယ်သူမဆို လုပ်သင့်တဲ့အရာဖြစ်ပါတယ်။ ညီမကိုယ်တိုင်လည်း ပရဟိတကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဖြစ်နေပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေအတွက် ပညာရေးအပိုင်းမှာ ကလေးတွေအတွက် အလှူငွေကောက်ခံပေးတာမျိုးတွေ ရှိပါတယ်။

– ညီမအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ရောရှိပါ သလား။
အခုလောလောဆယ်တော့မရှိသေးပါဘူး။

– ညီမက မိုးတွင်းမှာ ကျန်းမာရေးကောင်းအောင် ဘယ်လို စောင့်ရှောက်လေ့ရှိပါသလဲ။
အဓိက အိပ်ရေးဝအောင်အိပ်ဖြစ်ပါတယ်။ တခြားကျန်းမာရေးဂရုစိုက်မှု တွေလည်း ရှိပါတယ်။ အခု မိုးတွင်း မှာလည်း ညီမကလေးဖက်နာရောဂါရှိတော့ အအေးမမိအောင်ဂရုစိုက်တယ်။ အစားအသောက် ဆင်ခြင်ရတယ်။ ကျန်းမာရေး အရမ်းချူချာတာမျိုးတော့မရှိပါဘူး။

– ကျန်းမာရေးဗဟုသုတတွေကို ဘယ်လို လေ့လာ ဖြစ်ပါသလဲ။
ညီမ မိသားစုအသိုင်းအဝိုင်းကလည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့သူတွေပါပဲ။ ညီမကိုယ်တိုင်ကလည်း သူနာပြုဖြစ်တဲ့အတွက် ကျန်းမာရေးဗဟုသုတတွေ လေ့လာဖြစ်ပါတယ်။

– သူနာပြုအလုပ်ကိုရော လုပ်ဖြစ်သေးလား။ အနုပညာအလုပ်ကို ဘာကြောင့် ဝင်ရောက်ဖြစ်တာလဲ။
ညီမကသူနာပြုသင်တန်းတက်ပါတယ်။ သူနာပြုဖြစ်ခဲ့တယ်။ အလုပ်တော့ မဝင်ခဲ့ပါဘူး။ ပထမတော့ သူနာပြုလုပ်ဖို့ ရည်ရွယ်ခဲ့သေးတယ်။ ဒါပေမဲ့ အနုပညာအလုပ်ကို ပိုပြီး စိတ်ပါသွားတဲ့အတွက် မျက်စိစုံမှိတ်ပြီး ဝင်ရောက်ခဲ့တာပါ။

– ညီမရဲ့ရွေးချယ်မှုအပေါ်မှာ မိသားစုက သဘောမ ကျတာ၊ ကန့်ကွက်တာမျိုး ရှိပါသလား။
အခုအချိန်ထိတော့ ညီမရဲ့ရွေးချယ်မှုကို ကန့်ကွက်တာမျိုးမရှိပါဘူး။ ငယ်ငယ်လေးတည်းက ညီမရဲ ့ဆုံးဖြတ်ချက်ကိုပဲ ဦးစားပေးခဲ့ပါတယ်။

– အသားအရေလှပဖို့အတွက်ရော ဘယ်လိုဂရုစိုက် ဖြစ်ပါသလဲ။
ညီမက အသားအရေ အရမ်းဂရုစိုက်တဲ့ အထဲမှာတော့ မပါဘူး။ တစ်ခါတလေSpa သွားတာမျိုးတော့ ရှိပါတယ်။

– အစားအသောက်ကို ဘယ်လိုဂရုတစိုက်စားသောက် ဖြစ်ပါသလဲ။
အဓိက ညီမက အဆီအအိမ့်လျှော့စားတယ်။ အစားသောက်ဆိုရင် ကိုယ်တိုင်ချက်စားရတာ သဘောကျတယ်။ အဓိက အပြင်စာတွေ သိပ်မစားဘူး။ များသောအားဖြင့် ကချင်အစားအစာတွေ ချက်စားပါတယ်။

– ခန္ဓာကိုယ်ဝိတ်ကို ဘယ်လိုထိန်းဖြစ်လဲ။
ညီမခန္ဓာကိုယ်ဝိတ်က ဘယ်လောက်စားစား မတက်ဘူး။ အဓိက အစားအသောက်ကို ဆင်ခြင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်။ အဲ့လောက်ပါပဲ။

Healthy Life ဂျာနယ် ပရိသတ်တွေအတွက် ညီမပေးချင်တဲ့ ကျန်းမာရေးအကြံပြုချက်လေး ရှိရင် ပြောပြပေးပါလား။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကျန်းမာမှ မိမိ လျှောက်လှမ်းချင်တဲ့လမ်းကို သွားနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top