Healthy Life Ad
Life Style

နန်းသူဇာ၏ ကျန်းမာလှပ လူမှုဘဝ

– လတ်တလော အနုပညာလှုပ်ရှားမှု

ညီမက အခုရက်ပိုင်းအတွင်း ခရီးသွားဖို့တော့ရှိပါတယ်။ ပြီးတော့ တစ်ကိုယ်တော်အခွေ အတွက်စီစဉ်နေပါတယ်။ မပြီးသေးပါဘူး။

ပရိသတ်တွေကလည်း ညီမရဲ့စီးရီးခွေကိုစောင့်မျှော်နေတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကတော့ လောလောဆယ် ရိုက်ဖို့မရှိသေးပါဘူး။ နောက်ပိုင်းကျရင် အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ရှိပါတယ်။

– ပြုလုပ်နေကျအသားအရေထိန်းသိမ်းမှု

ရေများများသောက်တယ်။ အသီးအရွက်များများစားတယ်။ ပြီးတော့ ညီမအသားအရေနဲ့လိုက်ဖက်တဲ့ Lotion လိမ်းတယ်။ တစ်ခါတလေမျက်နှာပေါင်းတင်တာမျိုးတွေလည်း လုပ်ပါတယ်။

– ကျန်းမာရေးစောင့်ရှောက်မှု

အခုလက်ရှိမှာ အစားများလို့လားမသိဘူး။ဝိတ်နည်းနည်းတက်နေပါတယ်။ နောက်ပြီး မိန်းကလေးတွေကို အကြံပေးချင်တယ်။ ပိန်ဆေးမသောက်ပါနဲ့။ ညီမဆို အရမ်းဝတာမျိုးမရှိဘဲနဲ့ပိန်ဆေးသောက်ခဲ့ဖူးတယ်။ အဲဒီတော့ အရမ်းပိန်ပြီး ကျန်းမာရေး ထိခိုက်မှုတွေရှိပါတယ်။ အခုကတော့ အသွားအလာ၊ အနေအထိုင် ဆင်ခြင်ဖြစ်ပါတယ်။

– မိုးရာသီ

အဓိကနှာစေး၊ ချောင်းဆိုးဖြစ်တယ်။ အအေးမပပ်အောင် ဂရုစိုက်တယ်။ ပြီးတော့ ညအိပ်ရင်အဲကွန်းကို အချိန်ပေးပြီး အိပ်ပါတယ်။မိဘတွေကတော့ ညီမရဲ့ ကျန်းမာရေးအတွက် အစစအရာရာ ဂရုစိုက်ပေးပါတယ်။အစားအသောက်ကအစ ဆင်ခြင်ခိုင်းတယ်။ပြီးတော့ အပြင်စာတွေ သိပ်မစားခိုင်းဘူး။အိမ်မှာပဲ ကျန်းမာရေးနဲ့အညီ ချက်ကျွေးပါတယ်။

– အမေ ကင်ဆာဆဲလ်တွေ့ချိန်မှာ ကျန်းမာရေးက အရေးကြီးကြောင်း စတင်သတိထားမိ

ကျန်းမာရေးက လူတိုင်းအတွက်အရေးပါတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မဆင်ခြင်ဖြစ်တာ မျိုးတွေရှိတယ်။ညီမအခုဆိုရင် အပြင်စာ သိပ်မစားတော့ဘူး။

အမေ ကျန်းမာရေး စစ်ဆေးမှုလုပ်တော့ ကင်ဆာဆဲလ်တွေ့တဲ့အတွက် ညီမလည်း စိတ်ပူသွားတယ်။ကျန်းမာရေးဆိုတာအခုမဖြစ်ပေမယ့် နောက်ပိုင်း ဖြစ်လာနိုင်တဲ့အတွက်ပိုပြီး ဂရုစိုက်မိတယ်။ ကျန်းမာရေးဗဟုသုတတွေလည်း လေ့လာဖြစ်ပါတယ်။

– ဝိတ်မတက်အောင် ဆင်ခြင်

ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီးစိတ်တိုင်း မကျတာတော ့ မရှိပါဘူး ။ ဒါပေမဲ့ ဝိတ်တက်တာမျိုးရှိလာရင်တော့ ဂရုစိုက်ဖြစ်တယ်။

အဓိက အစားအသောက်ကို ဂရုစိုက်ဆင်ခြင်ပြီးစားဖြစ်ပါတယ်။ ညီမကိုယ်တိုင်လည်း အရမ်းဖျားနာတာမျိုး မရှိပါဘူး။ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်တတ်ပါတယ်။

– စိတ်ဖိစီးမှုဖြစ်လာရင် သီချင်းဆိုပြီး ဖြေလျှော့

တစ်ယောက်တည်းနေတယ်။ တစ်ခါတလေသီချင်းဆိုလိုက်တယ်။ နားထောင်တယ်။ အဓိက စိတ်ညစ်စရာတွေကို မေ့နိုင်အောင်ကြိုးစားပါတယ်။

– အတိုက်အခိုက်တွေကိုစိတ်ထဲမှာ မထားတတ်

လူဆိုတာ ကိုယ့်ကို ချစ်တဲ့သူရှိမယ်။ ကြည့်မရတဲ့ သူရှိမယ်။ အဲ့ဒီအတွက် ကိုယ်က အမြဲမှန်ကန်အောင်နေထိုင်ဖို့ပဲလိုပါတယ်။

ကိုယ့်ကို ကြည့်မရတဲ့သူတွေက ကိုယ်ဘာလုပ်လုပ် မကောင်းတာပြောမှာပဲ၊ အဲ့ဒီအတွက် စိတ်ထဲမှာ သိပ်မထားတော့ပါဘူး။

– ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်

အခုလို မိုးရာသီမှာ မသန့်ရှင်းတဲ့ အစားအစာတွေ မစားပါနဲ့။ အဓိက ခြင်မကိုက်အောင်လည်း အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top