Healthy Life Ad
Life Style

ထက်ထက်ထွန်း၏ ကျန်းမာလှပ လူမှုဘဝ

လတ်တလော အနုပညာဆောင်ရွက်မှု
ညီမက အခု ဂျာနယ်ကာဗာတွေ၊ မဂ္ဂဇင်းတွေမှာရိုက်ဖြစ်ပါတယ်။ International Miss ပြိုင်ပွဲဝင်ဖို့တော့ လုပ်နေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပုံစံ
ကျန်းမာရေးအတွက်ဆိုရင် အဓိက အစားအသောက်ကို ဂရုစိုက်စားတယ်။ အရင်ကတော့ အသား၊ငါးအကုန်စားတယ်။ အခုနောက်ပိုင်းကျတော့ အသီးအရွက်များများ စားတယ်။ သက်သတ်လွတ်စား ဖြစ်တာများပါတယ်။ ရေများများ သောက်ပါတယ်။

အသားအရေထိန်းသိမ်းမှုပုံစံ
အသားအရေအတွက်ကတော့ တကူးတက ဆိုင်တွေမှာ သွားမလုပ်ဖြစ်ပါဘူး။ အိမ်မှာပဲ တစ်ပတ်တစ်ခါ ပေါင်းတင်ဖြစ်တယ်။ Body Scrub လုပ်တယ်။ တစ်ခါတလေ Lotion လိမ်းတယ်။ အသီးအနှံ များများစားတယ်။

ခန္ဓာကိုယ်ထိန်းသိမ်းပုံ
ညီမက ခန္ဓာကိုယ်က အရမ်းဝတဲ့အထဲမှာ မပါဘူး။ သေချာတော့ ဂရုစိုက်ထိန်းသိမ်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မဝတာထက် ခန္ဓာကိုယ်ကျစ်လစ်အောင် Gym တော့ ဆော့ တယ်။ အစားအသောက်နဲ့ ဂရုစိုက်ပြီး ထိန်းဖြစ်ပါတယ်။ အဆီအအိမ့်ရှောင်တယ်။

အစားအသောက် ဂရုစိုက်စားဖြစ်ပုံ
ညီမက အစားအသောက်ကို အိမ်မှာ စားဖြစ်တာ များပါတယ်။ အခု နောက်ပိုင်းက သက်သတ်လွတ်စားတော့ အပြင်သွားရင်လည်း ညီမစားဖို့အတွက် ပြင်ဆင်ပြီး ယူသွားလေ့ရှိပါတယ်။

ကျန်းမာရေးဗဟုသုတ လေ့လာ
ညီမက ကျန်းမာရေးစာစောင်တွေ ဖတ်ရတာ ဝါသနာပါတယ်။ အိမ်ကအဖေကလည်း ဆရာဝန်ဆိုတော့ အများကြီးထောက်ပံ့ပေးတယ်။ ညီမကလည်း ကျန်းမာရေး ဗဟုသုတတွေ လေ့လာရတာ သဘောကျပါတယ်။

ခါးနာတတ်သူ
ကျန်းမာရေးနဲ့ပတ်သက်လို့ ညီမက သိပ်မချူချာတတ်ဘူး။ ဖျားခဲတယ်။ တစ်ခါတလေ အနည်းဆုံး တစ်နှစ်တစ်ခါလောက်တော့ ဖျားနာတာမျိုးရှိတတ်ပါတယ်။ ပြီးတော့ ညီမက ခါးနာတတ်တဲ့ အကျင့်ရှိပါတယ်။ အခုလို မိုးရာသီမှာလည်း အစားအသောက်ကို ဆင်ခြင်ဖြစ်တယ်။ မိုးတွင်းက အပြင်အစားအစာတွေစားမိရင် ဝမ်းလျှောဝမ်းပျက်ဖြစ်တတ်တဲ့အတွက် ဂရုစိုက်ရပါတယ်။

ဝါသနာနဲ့ စီးပွားရေးလုပ်ဆောင်
အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေး တစ်ခုအနေနဲ့လည်း လုပ်နေပါပြီ။ DJ သင်တန်း လည်း ရှိတယ်။ DJ တွေလည်း ငှားလို့ရပါတယ်။ Event လုပ်တဲ့ပွဲတွေမှာ ညီမရဲ့ Sound System အားလုံးကို အငှားလိုက်ပါတယ်။

ကောလာဟလအတွက် စိတ်ဓာတ်မကျဖူးပါ
ကောလာဟလဆိုတာ ဘယ်နေရာမှ မကင်းနိုင်ပါဘူး။ အနုပညာ အလုပ်တင်မဟုတ်ပါဘူး။ ညီမ ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်။ ဘာဖြေရှင်းချက်မှတော့ မပေးပါဘူး။ အချိန်တန်ရင် သူ့ဘာသာ ပျောက်သွားလိမ့်မယ်။ ပြီးတော့ ညီမက စိတ်ဓာတ်ကျတာ၊ စိတ်ဆင်းရဲတာမျိုး သိပ်မရှိဘူး။ အမြဲတမ်း တက်တက်ကြွကြွပဲနေတယ်။

ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်
ပရိသတ်အားလုံး ကျန်းမာကြပါစေ။ အခုလို မိုးရာသီမှာ တုပ်ကွေး မဖြစ်အောင် ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။



မိုးတွင်းမှာ အပြင်စာစားမိရင်

ဝမ်းလျှောဝမ်းပျက်ဖြစ်တတ်တဲ့အတွက် ဂရုစိုက်ရပါတယ်

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top