Healthy Life Ad
Q & A

နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါရှိသူ တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်သလား

မေး။ ။ ကျွန်တော်က အသက် ၆၂ နှစ်ကျော် သက်ကြီး အရွယ်ဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေး တိုးရောဂါ ရှိပါတယ်။ ကျွန်တော် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးချင်ပေမယ့်လည်း ဆိုးကျိုးတွေ ကြုံတွေ့ရမှာစိုးရိမ်မိပါတယ်။ ဒါကြောင့် ဘာဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အသက်ကြီးတဲ့သူတွေမှာ တုပ်ကွေးကာကွယ် ဆေးထိုးနိုင်ပါတယ်။ စိုးရိမ်စရာမရှိပါ။ ဒါပေမဲ့ တုပ်ကွေးဖြစ်စေနိုင်တဲ့ ပိုးအမျိုးအစားများစွာ ရှိတာကြောင့် ကာကွယ်ဆေးထိုးထားတဲ့ တိုင်အောင် တုပ်ကွေးဖြစ်နိုင်ပါသေးတယ်။

အများစုကိုတော့ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဆန္ဒရှိရင် တုပ်ကွေး ကာကွယ်ဆေးထိုးပါ။ ကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top