Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူတွေ ကယ်လိုရီ တွက်ချက်စားသင့်သလား

မေး ။ ။ ဆီးချိုရောဂါရှိသူတွေမှာ အစားအသောက်ကိုကယ်လိုရီ တွက်ချက်စားသင့်ပါသလား၊ အဲဒီလို စားတာက ဆီးချိုထိန်းနိုင်ပါသလား။
ဦးကျော်မြင့်၊ ပုစွန်တောင်မြို့နယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး) ဖြေကြားပေးပါသည်။

ဖြေ ။ ။ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အစားအသောက်ကို ကယ်လိုရီတွက်ချက်ပြီး စားသောက်တာက ဆီးချို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီတွက်ချက်ပြီး စားသင့်ပါတယ်။ ဆီးချိုသမားတစ်ယောက်ကတစ်နေ့မှာ ကယ်လိုရီ ၁၆၀ဝ ထက် ပိုပြီး မစားသင့်ပါဘူး။ အထူးသဖြင့် ကယ်လိုရီခွဲစားတဲ့အခါမှာလည်းညီညီမျှမျှ ခွဲတတ်ဖို့ လိုပါတယ်။

တချို့လူတွေက ညစာကို လုံးဝ မစားတာမျိုး လုပ်တတ်ပါတယ်။ အဲဒီလိုမလုပ်သင့်ပါဘူး။ ဆီးချိုရောဂါရှိတဲ့သူက အစာကိုနည်းနည်းနဲ့ ခဏ ခဏ စားတာက ပိုပြီး အဆင်ပြေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top