Healthy Life Ad
Life Style

ဟန်သီ၏ ကျန်းမာလှပ လူမှုဘဝ

ကျန်းမာရေးစောင့်ရှောက်မှုပုံစံ
ဟန်သီအနေနဲ ့ကျန်းမာရေးကို အရမ်းဂရုစိုက်တဲ့အထဲမှာ မပါဘူး။ အဓိက ရေများများသောက်တယ်။ အစားအသောက် မျှတအောင် ပုံမှန်စားတယ်။ ပြီးတော့ မနက်တိုင်း အသီးဖျော်ရည်ကို မှန်မှန်သောက်ဖြစ်ပါတယ်။ အသွားအလာ၊ အစားအသောက်နေထိုင်တဲ့ပုံစံမှာ ကျန်းမာအောင် နေပါတယ်။

အသားအရေထိန်းသိမ်းမှုပုံစံ
ဟန်သီက အသားအရေအတွက်ကို Lotion လိမ်းဖြစ်တယ်။ အသားအရေလှဖို့အတွက်က အသီးအနှံများများ စားတယ်။ ရေများများသောက်ဖြစ်ပါတယ်။

ဟန်သီလုပ်နေကျ အားကစား
အားကစားအနေနဲ့က ယောဂကျင့်တယ်။ ကြက်တောင်ရိုက်ဖြစ်ပါတယ်။ ရေကူးဖြစ်ပါတယ်။

ခန္ဓာကိုယ်ထိန်းသိမ်းပုံ
အခုလက်ရှိ ဟန်သီခန္ဓာကိုယ်က နည်းနည်းပြည့်နေပါတယ်။ အခုလက်ရှိ ခန္ဓာကိုယ်အနေအထားကို သဘောကျတဲ့အတွက် အခုအတိုင်း ထိန်းသိမ်းဖြစ်နေပါတယ်။

အစားအသောက်ဂရုစိုက်စားဖြစ်ပုံ
ဟန်သီက အိမ်စာပဲစားဖြစ်တာ များပါတယ်။ အပြင်စာက တစ်ခါတလေမှ စားဖြစ်တာပါ။ အိမ်မှာလည်း ကျန်းမာရေးနဲ့အညီ ချက်ပြုတ်စားသောက်ဖြစ်ပါတယ်။

သိပ်မဖျားနာတတ်
ဟန်သီက တော်ရုံတန်ရုံသိပ်မဖျားနာတတ်တော့ ကျန်းမာရေးစစ်ဆေးမှုပိုင်းမှာ အားနည်းတယ်။ နောက်ပိုင်းမှာတော့ စစ်ဆေးသွားဖို့ရှိပါတယ်။

မိုးတွင်း ကျန်းမာရေးစောင့်ရှောက်မှု
ဟန်သီက မိုးရာသီမှာ အဓိက မိုးမမိအောင် ဂရုစိုက်တယ်။ ညအိပ်ရင်လည်း အဲကွန်းကို Timer ပေးပြီးအိပ်တယ်။ အဓိက အအေးမမိအောင် ဂရုစိုက်ပါတယ်။

ဟန်သီရဲ ့ကျန်းမာရေးကို အိမ်က မိသားစုက ဘယ်လိုဂရုစိုက်ပေးပါသလဲ
အမေတို့ကတော့ ဂရုစိုက်ပေးပါတယ်။ အဓိကçက အာဟာရဖြစ်မယ့် အစားတွေချက်ကျွေးတယ် အားဆေးတွေလည်း လိုအပ်ရင် တိုက်တာမျိုးရှိပါတယ်။

စိတ်ဖိစီးမှုဖြေဖျောက်ပုံ
ဟန်သီ စိတ်ညစ်လာရင် စိတ်ဖိစီးမှုတွေဖြစ်လာရင် သီချင်းဆိုတယ်၊ တစ်ခါတလေ စာလုပ်တယ် ဒါမှမဟုတ် အိပ်ပစ်လိုက်ပါတယ်။

ကောလာဟလနဲ့ အတိုက်အခိုက်အပြိုင်အဆိုင်တွေကို စိတ်ရှင်းရှင်းနဲ့ တုံ့ပြန်
ဟန်သီအဓိက စိတ်သန့်ရှင်းအောင် အမြဲနေတယ်။ ပြီးတော့ ပျော်ပျော်ပဲ ဖြတ်သန်းတတ်တယ်၊ ကောလာဟလဆို တာမျိုးကလည်း ဖြေရှင်းရင် ပိုဆိုးတတ်တဲ့အတွက် မဖြေရှင်းပါဘူး။ စိတ်ကို အမြဲတမ်းရှင်းအောင်ပဲ နေပါတယ်။

ပရဟိတတွေ လုပ်ဆောင်မှု
ဟန်သီ ပရဟိတတစ်ခုမှာ ပါဝင်ဖြစ်ပါတယ်။ တတ်နိုင်သလောက်လည်း ကူညီပါဝင် အားဖြည့်ပေးပါတယ်။ ပြီးတော့ စစ်ဘေး ရှောင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့ ပွဲမှာလည်း ပါဝင်သီဆို ထားပါတယ်။

ဟန်သီကို အားပေးနေတဲ့ ပရိတ်သတ်တွေအတွက် ကျန်းမာရေး အကြံပြုချက်လေး ပြောကြားပေးပါ
ပရိတ်သတ်အားလုံး ရာသီဥတုအပြောင်းအလဲပေါ် ကျန်းမာရေးဂရုစိုက်ကြပါ။ ပြီးတော့ ရေများများသောက်ကြပါလို့ ပြောချင်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top