Healthy Life Ad
Q & A

အဝတ်အစားပေါ် ပုရွတ်ဆိတ်တွေတက်တာ ဆီးချိုရောဂါလား . . .

မေး။ ။ သမီးရဲ့အဝတ်အစားတွေ၊ အထူးသဖြင့် အတွင်းခံဘောင်းဘီတွေပေါ် ပုရွတ်ဆိတ်တွေ တက်တက်နေလို့ပါရှင့်။ လျှော်ပြီးလည်း တက်တယ်။ မလျှော်ရသေးလည်းတက်တယ်။ အဲ့ဒါ ဆီးချို သွေးချိုရှိတဲ့ လက္ခဏာလားဆိုတာသိပါရစေရှင့်။

သဉ္ဇာ(FB)

ပါမောက္ခဦးကိုကို(ဆီးချိုသွေးချိုရောဂါအထူးကုဆရာဝန်ကြီး)မှဖြေကြားပေးပါသည်။

ဖြေ။ ။ ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။ ည ၁၀ နာ ရီနောက်ပိုင်း အစာမစားဘဲ မနက်အစောကြီး စစ်ကြည့်လို့ ၁၂၆ ကျော်ရင်၊ ကြိုက်တဲ့အချိန်စစ် ၂၀ဝ ကျော်ရင် ဆီးချိုရှိနေပြီလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ A1c ကိုလည်း စစ်ကြည့်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top