Healthy Life Ad
Q & A

အသည်းရောင် အသားဝါ ရောဂါပိုးရှိသူက ဂျင်ဆင်းပါတဲ့ အားဆေးကို သောက်လို့ရ၊ မရ

မေး. အသည်းရောင် အသားဝါ ရောဂါပိုးရှိသူက ဂျင်ဆင်းပါတဲ့ အားဆေးကို သောက်လို့ရပါသလား။
ဦးအံ့ကျော်၊ ဗိုလ်တထောင်မြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ဂျင်ဆင်းမှာပါတဲ့ ဓာတ်တွေက အသည်းကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ သုတေသနတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ စိတ်ချရမှုရှိတယ်၊ ဘယ်လောက်အထိ အာနိသင်ထက်မြက်မှုရှိတယ် ဆိုတာကတော့ တိတိကျကျ မသိကြသေးပါဘူး။ ဂျင်ဆင်းကိုယ်တိုင်ကလည်း မျိုးကွဲပေါင်းများစွာ ရှိသလို အတုတွေလည်း ပေါပါတယ်။ အသည်းရောင် အသားဝါပိုးရှိသူတွေ ဂျင်ဆင်းပါတဲ့ ဆေးသောက်နိုင်ပေမယ့် အတတ်နိုင်ဆုံး သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ပေးတဲ့ ဆေးကလွဲပြီး တခြားဆေးတွေကို မိမိသဘောနဲ့ မိမိ ဝယ်မသောက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top