Healthy Life Ad
Life Style

Miss Myanmar World 2016 မြသီရိလွင် Bella ၏ကျန်းမာလှပ လူမှုဘဝ

‘မိဘမဲ့ကလေးကျောင်းနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် လှူဒါန်းဖို့ရှိပါတယ်’

Miss Myanmar World 2016 ရပြီး နောက်ပိုင်း အခုလက်ရှိ ဘာတွေဆောင်ရွက်ဖြစ်နေပါသလဲ။

ညီမ အခုလက်ရှိမှာမဂ္ဂဇင်းကာဗာ၊ ဂျာနယ်ကာဗာတွေ ရိုက်ဖြစ်တာ များပါတယ်။

– နောက်ထပ်ပြိုင်ပွဲ ဝင်ဖို့အတွက်ကော ဘယ်လိုတွေပြင်ဆင်ထားပါသလဲ။

ပြင်ဆင်ထားရမှာကတော့ အများကြီးပါပဲ။ အခု လက်ရှိက ကျန်းမာရေးအတွက်ကော ခန္ဓာကိုယ်ကျစ်လျစ်လှပဖို့ အတွက်ပါ Gym စားနေပါတယ်။ မြန်မာ့သမိုင်းကြောင်း တွေကို လေ့လာနေပါတယ်။ အင်္ဂလိပ်ဘာသာစကားပိုင်းကို ပိုကျွမ်းအောင် လေ့လာနေပါတယ်။ Talent အတွက် သီချင်း ဆိုဖြစ်ဖို့ များပါတယ်။

– အခုချိန်ကတည်းက ကျန်းမာရေးအတွက် ဘယ်လိုတွေ ဂရုစိုက်ဖြစ်နေပါသလဲ။

ညီမ ခန္ဓာကိုယ်က ဝိတ်ချဖို့လိုအပ်ပေမယ့်လည်းအစား အသောက်ကို ပုံမှန်စားပါတယ်။ ပြိုင်ပွဲပြီးကတည်းကအလုပ်တွေက ဆက်တိုက်လုပ်ဖြစ်နေတော့ အဓိက မဖျားအောင် ဂရုစိုက်နေပါတယ်။

– အသားအရေလှပဖို့ ဘယ်လိုထိန်းသိမ်းဖြစ်ပါသလဲ။

ညီမက အသားအရေအတွက် ကြေးချွတ်တာမျိုးထက် သဘာဝနည်းနဲ့ ထိန်းသိမ်းရတာကို ပိုသဘောကျပါတယ်။ အဓိကကတော့ အသီးအနှံများများစားတယ် ရေများများ သောက်ပါတယ်။

– ပင်ပန်းလာတဲ့အခါ ဘယ်လို အနားယူ ဖြစ်ပါသလဲ။

အဓိက ညီမက ညပိုင်းဆို ဖုန်းသိပ်မသုံးဘူး၊ အွန်လိုင်း သုံးတာလျှော့တယ်၊ စောစောအိပ်တယ်၊ မနက် အိပ်ရာထရင်လည်း ကြက်ဥအစိမ်းကို ပျားရည်နဲ့ ရောသောက်တယ်။

– ပရဟိတနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲ။

Miss တစ်ယောက် ဖြစ်လာပြီဖြစ်တဲ့အတွက် ပရဟိတအလုပ်နဲ့ အမြဲဒွန်တွဲမှု ရှိနေရပါမယ်။ အဓိက ဆင်းရဲချို့တဲ့တဲ့ ကလေးငယ်တွေအတွက် ပရဟိတအလုပ်တွေ ဆောင်ရွက်သွားဖို့ရှိပါတယ်။

– ညီမအခု လက်ရှိ ဆုရတဲ့အထဲကနေပြီး လှူဒါန်းသွားဖို့ ရှိပါသလား။

ညီမဆုရတဲ့ထဲကနေ လှူဒါန်းဖို့ရှိပါတယ်။ မိဘမဲ့ကလေးကျောင်းနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းဖို့ရှိပါတယ်။ တခြားနေရာတွေမှာလည်း ညီမတက်နိုင်တဲ့ ဘက်ကနေကိုယ်တိုင်သွားရောက် လှူဒါန်းဖို့လည်းရှိပါတယ်။

– ညီမ သွားပြိုင်ရမယ့် အကြောင်းလေးကို ပြောပြပေးပါဦး။

သွားပြိုင်ရမဲ့ နေရာကတော့ မသိသေးပါဘူး။ ဖိုင်နယ်က ဒီဇင်ဘာလထဲမှာဆိုတော့ ညီမတို့က နိုဝင်ဘာလထဲက သွားရမှာဖြစ်ပါတယ်။ နိုင်ငံပေါင်းတစ်ရာပြိုင်မှာဖြစ်ပါတယ်။

– နိုင်ငံနေရာ ဒေသအပြောင်းအလဲရှိတာကြောင့် ကိုယ်ရဲ့ ကျန်းမာရေးအတွက် ဘယ်လိုပြင်ဆင်နေပါသလဲ။

အဓိက ကိုယ်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးချူချာမှု နဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ယူဆောင်သွားဖို့ရှိပါတယ်။ ညီမက အအေးကြောက်တော့ သေချာဂရုစိုက်ရပါမယ်။ ပြီးတော့ အစားအသောက် အပြောင်းအလဲရှိတဲ့အတွက် သေချာ ဂရုစိုက်ဆင်ခြင်ရပါမယ်။

– ကိုယ့်ထက် စီနီယာကျတဲ့ Miss Myanmar World က အစ်မတွေဆီမှာ ပြိုင်ပွဲဝင်ဖို့အတွက် ဘယ်လိုအကြံယူဖြစ်ပါသလဲ။
ညီမကတော့ ကိုယ့်ထက်စီနီယာ ကျတဲ့အစ်မတွေဆီမှာ အကြံတောင်း ဖြစ်ပါတယ်။

– ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့အတွက် Miss တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ဘာတွေလိုအပ်ပါသလဲ။
အဓိကကတော့ အဘက်ဘက်က ပြည့်စုံဖို့လိုပါတယ်။ ခန္ဓာကိုယ်ထိန်းသိမ်းမှု၊ အဝတ်အစားနဲ့ ဘာသာစကားကျွမ်းကျင်မှု အပိုင်းတွေ လိုအပ်ပါတယ်။

Miss Myanmar World 2016 ဖြစ်ပြီးတော့ ကောလာဟလတွေ၊ အတိုက်အခိုက်တွေကြောင့် စိတ်ညစ်ခဲ့ရလား။ အဲဒါတွေကို ဘယ်လို ဖြေရှင်းတုန့် ပြန်တတ်ပါသလဲ။

ကောလာဟလတွေကတော့ ညီမ ဖြေရှင်းစရာမလိုပါဘူး။ ပြိုင်ပွဲတစ်လျှောက် ညီမ ဘယ်လို ကြိုး စားခဲ့တယ်ဆိုတာ ညီမပရိသတ်တွေက အသိဆုံးပါ။ Facebook မှာလည်း ညီမကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။

– ညီမကို ချစ်တဲ့ အားပေးတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေး အကြံပြုချက်လေးပြောပေးပါ။

ပရိသတ်အားလုံး ကျန်းမာကြပါစေ။ အခုလို မိုးရာသီမှာ အအေးမမိအောင်နဲ့ မဖျားနာအောင် ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ညီမကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top