Healthy Life Ad
Life Style

အစားအသောက်ကအစ တစ်မိသားစုလုံး ကျန်းမာရေးအတွက် ကိုယ်တိုင်စောင့်ရှောက်ပေးတဲ့ ရတနာခင်

အနုပညာအလုပ်တွေ ဆက်လုပ်ဖို ့ရှိပါသလား သိပါရစေ။
အစ်မက အနုပညာအလုပ်နဲ့ ကင်းကွာနေတာ ၂၀၁၂ နောက်ပိုင်းကတည်းက မလုပ်ဖြစ်တော့ အခုအချိန်မှာလည်း ကမ်းလှမ်းမယ့်သူရှိရင်တော့ ရုပ်ရှင်ကားကြီးမဟုတ်တောင် TV ကြော်ငြာ၊ တခြားအသေးအမွှားတော့ လက်ခံဖို့ ရှိပါတယ်။ ကားကြီးတွေက အချိန်မပေးနိုင်တာပေါ့။ အစ်မမှာလည်း မိသားစုတာဝန်တွေ ရှိနေတော့ အချိန်မရတာပေါ့။

အစ်မရဲ့သားလေးတွေကိုရော အနုပညာသမားတစ်ယောက် အစ်မ အနေနဲ့ ဖြစ်စေချင်တာမျိုးရှိပါသလား။
အစ်မကတော့ သိပ်အားမပေးဘူး။ ပြီးတော့ မလွတ်လပ်ဘူး။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပြောဆိုဝေဖန်ခံနေရတာဆိုတော့ သိပ်သဘောမကျဘူး၊ အမှန်အတိုင်းဆိုရင်တော့ အစ်မသားတွေကို လွတ်လွတ်လပ်လပ်နဲ ့စီးပွားရေးပဲ လုပ်စေချင်တယ်။

အစ်မတို ့မိသားစုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံလေးသိပါရစေ။
အစ်မတို့က နိုင်ငံခြားသွားဖြစ်ရင် Medical check-up လုပ်တယ်။ မြန်မာပြည်မှာလည်း လုပ်ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း မိသားစု ဆရာဝန်ရှိတယ်။ တစ်ခုခုဖြစ်ရင် အရင်ပြတယ်။ ကုသတယ်။ ပြီးတော့ ကလေးဆရာဝန်လည်း ထားတယ်။

မိသားစုရဲ ့ကျန်းမာရေးကိုရော တစ်ယောက်ကို တစ်ယောက် ဘယ်လို စောင့်ရှောက်မှုတွေ ပေးဖြစ်ပါသလဲ။
အဓိက အစ်မကပဲ ဂရုစိုက်ပေးရတယ်။ မိုးတွင်းကာလဆိုရင် တုပ်ကွေးကာကွယ်ဆေးတွေ တစ်အိမ်လုံးထိုးပေးတာ မျိုးလုပ်ပေးတယ်။ ရာသီဥတုအလိုက် ဂရုစိုက်ပေးရတာပေါ့။ အစားအသောက်က အစပါပဲ။

အစားအသောက်တွေကို ကျန်းမာရေးနဲ့အညီ ဘယ်လို စားသုံးဖြစ်ပါသလဲ။
အစ်မတို့က အိမ်ထမင်းဟင်း ချက်စားတာများတယ်။ ပြီးတော့ ဆီတွေ၊ အချိုမှုန့်တွေ လျှော့စားဖြစ်တယ်။ သားတွေကတော့ အပြင်စာသိပ်ကြိုက်ကြတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါ အပြင်ထွက်စားကြပါတယ်။ အဓိက အသီးအနှံ၊ အသီးအရွက်များများစားပါတယ်။

မိသားစုတာဝန်တွေအပြင် အခုစီးပွားရေးပါ လုပ်လာပြီဖြစ်တဲ့အတွက် ဟန်ချက်ညီအောင် ဘယ်လိုတွေပြုမှုနေထိုင်ဖြစ်ပါသလဲ။
အစ်မအိမ်ထောင်သက် (၁၀) နှစ်မှာ အခုမှ စီးပွားရေး စလုပ်တာဆိုတော့ အခက်အခဲလေးတွေ ရှိတယ်။ ပြီးတော့ အစ်မအမျိုးသားကလည်း လုပ်စေချင်တယ်။ သားတွေအတွက်ကတော့ အချိန်ရရင်ရသလို ဂရုစိုက်ပေးရတယ်။ မိသားစုတာဝန်နဲ့ စီးပွားရေးကို ဟန်ချက်ညီအောင် လုပ်ဖြစ်ပါတယ်။

အမတို့မိသားစုကို အားပေးတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေး အကြံပြုချက်လေး ပြောကြားပေးပါ။
အဓိက အစားအသောက်တွေကို ဂရုစိုက်စားစေချင်တယ်။ ကျန်းမာရေးကောင်းဖို့အတွက် အစားအသောက်ကလည်း အရမ်းအရေးပါတဲ့အတွက် အစားအသောက်ကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top