Healthy Life Ad
Health Tips

နာမည်ကြီး မော်ဒယ်တို့ ပြုလုပ်လေ့ရှိသည့် အလှအပရေးရာ နည်းလမ်းကောင်းများ

၊ လရိပ်မေ ၊

မော်ဒယ်ရှိုးပွဲတွေမှာ စတိတ်စင်ပေါ် လျှောက်လှမ်းနေတဲ့ မော်ဒယ်တွေက စွမ်းအင်ပြည့်ဝပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိကာ ကင်မရာထဲမှာ အမြဲကြည့်ကောင်းနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– စွမ်းအင်ပြည့်ဝစေရန်

မော်ဒယ်ရှိုးပွဲတွေမှာ လျှောက်လှမ်းတဲ့အခါ စွမ်းအင် အပိုရှိစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့သရေစာကို မကြာ ခဏ စားပေးဖို့လိုပါတယ်။ အထူးသဖြင့် မော်လ်ဒယ်တွေက အခွံမာတဲ့ အစေ့အဆန်တွေကို စားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိုမီဂါ ၃ ဖက်တီးအက်စစ် ရရှိစေပြီး အသားအရေ ချောမွေ့နေစေပါတယ်။

– သန်စွမ်းစေရန်

စတိတ်စင်ပေါ်မှာ ဆွဲဆောင်မှု အရှိဆုံးဖြစ်နေဖို့ အားကစားကို အလုပ်တစ်ခုလို လုပ်ဆောင်ရပါမယ်။ လေ့ကျင့် ခန်းကို မနက်ခင်း အိပ်ရာထယသွားတိုက်တာ၊ မျက်နှာသစ်တာလိုမျိုး စွဲစွဲမြဲမြဲလုပ်ပြီး မလုပ်မိရင် အပြစ်ရှိသလို ခံစားရတဲ့အထိ ဖြစ်နေတယ်လို့ မော်ဒယ်တချို့က ဆိုပါတယ်။ အဲဒါကြောင့် တီဗီကြည့်တဲ့အခါ ထိုင်ထလုပ်တာလို လေ့ကျင့်ခန်းလုပ်ရင်း ကြည့်ဖြစ်တယ်လို့ သိရပါတယ်။

– အသားအရေ အပြစ်အနာအဆာ ကင်းစေရန်

မော်လ်ဒယ်တွေက နှင်းဆီရေကို သုံးပြီး အသားအရေအပြစ်အနာအဆာ ကင်းအောင် ပက်ဖျန်းလေ့ရှိပါတယ်။ မျက်ခုံးကိုထင်ရှားလှပအောင် ပြင်ဆင်ကာ အသားအရေ ထိန်းသိမ်းမှုကို ပုံမှန်လုပ်ဆောင်လေ့ရှိပါတယ်။

– ညဘက် ကောင်းကောင်း အိပ်ပျော်စေရန်

လေယာဉ်ကို ဘယ်လောက်ပဲ အချိန်ကြာကြာ စီးရပါစေ၊ အမြဲတမ်း ပုံမှန် အိပ်ချိန်ဖြစ်နေအောင် ကြိုးစားတယ်၊ အိပ်ပျော်စေဖို့ ဆေးကိုလည်း ယူသွားပါတယ်လို့ Victoria’s မော်ဒယ်ကေလော့စ်က ဆိုပါတယ်။

– မြင်မြင်ချင်း အထင်အမြင်ကြီးမှု ရရှိစေရန်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ရာအတွက် အကြံဉာဏ်က စူပါမော်ဒယ်တွေလို ယုံကြည်မှုထားဖို့ပဲ ဖြစ်ပါ တယ်။ မိန်းမဆန်ဆန် ခံစားရစေမယ့် အဝတ်အစား၊ အပြင်အဆင်တွေကို လိုက်နာပြီး အသားအရေကို ပြုပြင် ပါ။ တကယ်လို့ ချစ်စရာကောင်းတဲ့ အသွင်အပြင် ဖြစ်ချင်ရင် ဆွဲဆောင်မှုရှိတဲ့ ဇာအင်္ကျီဝတ်ပါ။ အရောင်လွင်တဲ့ ပဝါကိုပတ်ပါ။ ပြုံးပါ။

Most Popular

Healthy Life Ad
To Top