Healthy Life Ad
International

နှစ်နှစ်အတွင်း မတူညီသော ကင်ဆာလေးမျိုးဖြစ်သည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် ဂမ်မာနက်တောက ဒီနှစ်စမှာ ဦးနှောက်နဲ့အဆုတ်ကင်ဆာရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း သူဟာ သားဥအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာတို့ကို ခံစားခဲ့ရပါသေးတယ်။

နှစ်နှစ်အရွယ်သမီးတစ်ယောက်မိခင် ဂမ်မာဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သားဥအိမ်ကင်ဆာရှိနေကြောင်း သိရှိခဲ့ပါတယ်။ ဆရာဝန်တွေက ကလေးကိုဖျက်ချပြီး ကင်ဆာချက်ချင်းကုသဖို့ တိုက်တွန်းခဲ့ပေမယ့် သူက ကလေးကို အရင်မွေးဖွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ၃၆ ပတ်အကြာမှာ သားဥအိမ်အကျိတ်ဖယ်ရှားတာနဲ့ ကလေးမွေးဖွားတာတို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့ရပါတယ်။

ခွဲစိတ်မှုကြောင့် ကလေးရော မိခင်ပါအသက်ချမ်းသာရာရခဲ့ပေမယ့် နောက်ထပ်ခြောက်ပတ်အကြာမှာ သားအိမ်ခေါင်းကင်ဆာရှိနေကြောင်း တွေ့ရှိခဲ့ရပြန်ပါတယ်။ ကင်ဆာဆေးသွင်းကုသတာနဲ့ ဓာတ်ရောင်ခြည်ပေးကုသမှုတွေခံယူအပြီးမှာ ဂမ်မာရဲ့ ကင်ဆာပျောက်ကင်းပြီလို့ ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ ကံဆိုးရှာတဲ့ ဂမ်မီဟာ ခေါင်းကိုက်တာကြောင့် ဒီနှစ်အစောပိုင်းမှာ ဆေးရုံတက်ခဲ့ရပြီး အဆင့်လေးဦးနှောက်နဲ့ အဆုတ်ကင်ဆာတွေရှိနေတယ်လို့ တွေ့ရှိခဲ့ရပြန်ပါတယ်။ သခွားမသီးအရွယ်ရှိတဲ့ ဦးနှောက်အကျိတ်တစ်ခုနဲ့ အဆုတ်ကင်ဆာရှိနေကြောင်း တွေ့ရှိခဲ့တာပါ။

“ဒါက ရက်စက်လွန်းတဲ့ကံကြမ္မာကိုပဲ အပြစ်တင်ရမှာပါ”လို့ ဂမ်မာရဲ့မိခင်ဟယ်လင်က ပြောပါတယ်။ ဟယ်လင်က သူသမီးရဲ့ရောဂါကို အမေရိကန်ပြည်ထောင်စုမှာသွားရောက်ကုသဖို့ အလှူငွေ စတာလင်ပေါင် ၅၀,ဝ၀ဝ ရရှိအောင် ကြိုးစားနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top