Healthy Life Ad
International

လစဉ်ဓမ္မတာမလာတာ ၂၆ နှစ်ကြာခဲ့ပြီးနောက် ကလေးရသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အယ်လီဆန်ဒန့်က အသက် ၁၉ နှစ်အရွယ်မှာ သမီးလေးကိုင်လီကို မွေးဖွားခဲ့ပြီး နောက် သူရဲ့သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ဆဲလ် တွေကို တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက ဒန့်ရဲ့ သားအိမ်ခေါင်းအစိတ်အပိုင်းတချို့ကို ဖယ်ရှားပေးခဲ့ပြီး နောက်ထပ် ကလေးမွေးနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ခွဲစိတ်မှုပြီး နောက်ထပ် ၂၆ နှစ်ကြာအထိ အမျိုးသမီးဓမ္မတာလာခြင်းလည်း မရှိ ခဲ့ပါဘူး။ ဒါက နောက်ထပ်ကလေးလိုချင်တဲ့ ဒန့်အတွက် တကယ့်စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ သူရဲ့သမီး ကိုင်လီဟာ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ အဘွားဖြစ်တော့မယ့် ဒန့်ဟာ တစ်ချိန်တည်းမှာ ဗိုက်အောင့်ဝေဒနာ ခံစားခဲ့ရပါတယ်။ ဆရာဝန်တွေက ဖောင်းနေတဲ့အစာအိမ်နဲ့ ရောင်နေတဲ့ခြေချင်းဝတ်များကြောင့် IBS ရောဂါဖြစ်မယ်လို့ ယူဆခဲ့ပါတယ်။ IBS ရောဂါ (Irritable Bowel Syndrome) ဆိုတာ တခြားအကြောင်း မယ်မယ်ရရမရှိဘဲ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို အကြိမ်ကြိမ်အထပ်ထပ် နှစ်နဲ့ချီပြီး ဖြစ်ပေါ်ခံစားလာရစေတဲ့ ရောဂါစု ဖြစ်ပါတယ်။

နောက်သုံးလအကြာမှာ ကိုင်လီဟာ ကလေး မွေးဖွားခဲ့သလို ဒန့်ဟာလည်း မခံမရပ်နိုင်အောင် ဗိုက်အောင့်တာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးစစ်ရလဒ်တွေအရ သူရဲ့ဝမ်းဗိုက်ထဲမှာ အရည် အိတ်တစ်ခုရှိနေတယ်လို့ ဆရာဝန်တွေက ထင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အရည်အိတ်မဟုတ်ဘဲ ကလေးဖြစ်နေကြောင်း သဘောပေါက်လာခဲ့ပါတယ်။ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်ခဲ့ပါတယ်။

“အရည်အိတ်လည်းမဟုတ်ဘူး။ IBS ရောဂါလည်း မဟုတ်ခဲ့ပါဘူး။ ကိုယ်ဝန်ရှိနေတာပါလို့” ဒန့်က ပြောပါတယ်။ နောက်လအနည်းငယ်အကြာမှာ အသက် ၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒန့်ဟာ သူရဲ့ ဒုတိယကလေး ဘော်ဘီကို မွေးဖွားနိုင်ခဲ့ပါတယ်။

(Ref; NS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top