Healthy Life Ad
Q & A

လက်သည်းနီကိုက်ရင် ဘာဖြစ်တတ်ပါသလဲ . . .

မေး. ကျွန်မသမီးလေးက လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ အကျင့်ပျောက်အောင် လက်သည်းနီဆိုးပေးထားတာ . . လက်သည်းနီမကျန်အောင် ကိုက်လိုက်လို့ ကျွန်မစိတ်ပူလို့ပါ။ ဘာဖြစ်တတ်ပါသလဲ။
ဒေါ်သီသီဝင်း၊ နေပြည်တော်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကလေးတွေကို လက်သည်းနီ မဆိုးပေးသင့်ပါဘူး။ လက်သည်းကိုက်တဲ့ အကျင့်ကိုပဲ တခြားနည်းနဲ့ ဖျောက်ပေးရပါမယ်။ လက်သည်းကိုက်တဲ့အခါ Fungus မှိုစွဲနေရင် ကူးစက်ပိုးဝင်တတ်ပါတယ်။ လက်သည်းနီဆိုတော့ ဓာတုပစ္စည်းဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်။ အစားအသောက်တွေကိုတောင် လက်နဲ့ယူစားတတ်တာကြောင့် ဖြစ်နိုင်ရင် လက်သည်းနီ မဆိုးသင့်ပါဘူး။ ဘယ်လောက်ပဲ ဇွန်းနဲ့စားစား၊ အသီးတွေ၊ မုန့်တွေကို လက်နဲ့ကိုင်စားတတ်တာကြောင့် လက်ကအမြဲသန့်ရှင်းနေဖို့ လိုပါတယ်။ လက်သည်းရှည်လည်း မထားသင့်သလို လက်သည်းနီလည်း မဆိုးသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top