ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ရင်သော်လည်းကောင်း၊ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ရှူမိရင်သော်လည်းကောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်အပေါ်သက်ရောက်မှု
ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူရှိုက်ရတာကြောင့် မိခင်မှာ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့-
– ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲရှိပါတယ်။
– ကိုယ်ဝန်ဆောင်စဉ် အချင်းစောစောကွာကျနိုင်ပါတယ်။
– သားအိမ်ထဲက အချင်းက တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် တစ်ခုလုံး အောက်ပိုင်းကို နေရာလွဲ ကျဆင်းနိုင်ပါတယ်။
– ရေမြွှာစောစောပေါက်နိုင်ပါတယ်။
– သားအိမ်ပြင်ပမှာ သန္ဓေတည်နိုင်ပါတယ်။
သန္ဓေသားအပေါ် သက်ရောက်မှု
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူရှိုက်ရတာကြောင့် သန္ဓေသားမှာ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့-
– ပေါင်မပြည့်ကလေး မွေးဖွားနိုင်ပါတယ်။
– လမစေ့ကလေး မွေးနိုင်ပါတယ်။
– ကလေးအသေ မွေးနိုင်ပါတယ်။
– ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
– သန္ဓေသားမှာ မွေးရာပါ နှလုံးထိခိုက်မှုဖြစ်တတ်ပါတယ်။
– သန္ဓေသားမှာ ဦးနှောက်အာရုံကြောစနစ်ထိခိုက်မှုဖြစ်တတ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)