Healthy Life Ad
International

ချစ်သူရည်းစားရှိခြင်းက ပို၍ဝလာစေနိုင်

မိုးမင်းထွန်း

ဗြိတိန်အစားအသောက်ကုမ္ပဏီတစ်ခုက ချစ်သူစုံတွဲ ၁၀ဝ၀ အပေါ် စစ်တမ်းကောက်ယူမှုအရ ချစ်သူရည်းစားရှိတာက ပိုပြီး ဝလာစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

စုံတွဲတစ်ဝက်ကျော်က ချစ်သူသက်တမ်း သုံးနှစ်ကြာပြီးနောက် ခန္ဓာကိုယ်အလေးချိန်တိုးလာကြပြီး ၁၈ ရာခိုင်နှုန်းကပဲ ချစ်ကြိုက်ပြီးမကြာခင် ဝလာတာကို တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှကိုယ်အလေးချိန်တိုးမှုက တစ်နှစ်၄ပေါင်ရှိပြီး ၇ နှစ်ချစ်သူသက်တမ်းကြာပြီးနောက် တစ်ယောက် ၁၄ ပေါင်ကျော် ကိုယ်အလေးချိန် တိုးလာတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ စုံတွဲသုံးပုံနှစ်ပုံဟာ တစ်ယောက်ရဲ့ အကျင့်ဆိုးက တစ်ယောက်ဆီကူးစက်ပြီး နှစ်ယောက်စလုံးဝလာတာကို တွေ့ရှိရပါတယ်။

ကိုယ်အလေးချိန်တိုးရတဲ့ အကြောင်းရင်းမှာ အမျိုးသမီးတွေက ပိုမို အခရာကျတာကိုလည်း တွေ့ရှိရပါတယ်။ လေ့လာမှုအရ နှစ်ယောက်စလုံး ဝလာတဲ့ စုံတွဲတွေဟာ အတူတကွကိုယ်အလေးချိန် ကျအောင်ပြုလုပ်နိုင်စွမ်းရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ နှစ်ဦးစလုံးကြိုးစားတာက ကိုယ်အလေးချိန် ကျအောင်ပြုလုပ်ရာမှာ ပိုမိုလွယ်ကူစေကြောင်း ချစ်သူစုံတွဲ ၆၁ရာခိုင်နှုန်းက ဝန်ခံခဲ့ပါတယ်။

ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ လီစမစ်က
“ ချစ်ကြိုက်တာဟာ ကမ္ဘာ့အံ့သြစရာ အကောင်းဆုံးအရာတစ်ခုဖြစ်ပြီးတော့ အချစ်က လူတွေက ိုသက်သောင့်သက်သာဖြစ်စေတဲ့ စိတ်ကြည်နူးစရာနယ်ပယ်တစ်ခုကို ပို့ဆောင်ပေးပါတယ်။ ဒါကပဲ ကိုယ်အလေးချိန်တိုးမှုကို ဖြစ်ပေါ်စေပုံရတယ် ”လို့ ပြောပြပါတယ်။
Ref; DM

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top