Healthy Life Ad
Health Tips

မိုးတွင်းကာလ အဆုတ်ကျန်းမာစေမည့် နည်းလမ်းကောင်းများ

ငွေကြယ်စင်ယံ

လေထုညစ်ညမ်းမှုကို သတိထားပါ
လေထုညစ်ညမ်းမှုကြောင့် အထူးသဖြင့် အဆုတ်ကျန်းမာရေး မကောင်းတဲ့သူတွေကို ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အဆုတ်တစ်သျှူးတွေကို မသက်မသာဖြစ်စေပြီး ထိခိုက်စေနိုင်ပါတယ်။ ညစ်ညမ်းတဲ့ လေထုအဆင့်များလေလေ ကျန်းမာရေးပြဿနာ ပိုဖြစ်နိုင်ခြေ မြင့်မားလေလေ ဖြစ်ပါတယ်။ ကလေးတွေ၊ အသက်ကြီးသူတွေနဲ့ နာတာရှည်ရောဂါဝေဒနာရှိသူတွေဟာ လေထုညစ်ညမ်းမှုကြောင့် အဆုတ်ပိုမိုထိခိုက်နိုင်ခြေရှိပါတယ်။

လုပ်ငန်းခွင် ကျန်းမာရေး အန္တရာယ် သတိပြုပါ
ဆောက်လုပ်ရေးလုပ်ငန်းခွင်န ဲ့သတ္တုတွင်းလုပ်ငန်းတွေမှာ လုပ်ဆောင်နေသူတွေဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ အဆုတ်ကင်ဆာလို အဆုတ်ပြဿနာဖြစ်နိုင်ခြေ ပိုများပါတယ်။ ကျောက်မီးသွေး၊ ဓာတုပစ္စည်း၊ ဖုန်မှုန့်စတာတွေမှာ နာရီပေါင်းများစွာ အလုပ်လုပ်ရရင် နှာခေါင်းစည်းတပ်ဆင်ရပါမယ်။

ဆေးလိပ်ဖြတ်ပါ
စီးကရက်သောက်တာကြောင့် အဆုတ်ထဲမှာ ဓာတုပစ္စည်းတွေ ရောက်ရှိပြီး အဆုတ်လုပ်ငန်းဆောင်တာကို အဟန့်အတားဖြစ်စေပါတယ်။ ဒါ့အပြင် အဆုတ်ကင်ဆာနဲ့ အသက်ရှူမဝတာတို့ကို ဖြစ်စေနိုင်ပါတယ်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှောင်ပါ
သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ရှူရသူတွေဟာလည်း ကိုယ်တိုင်ဆေး လိပ်သောက်သလိုမျိုး နာမကျန်းမှုကို ဖြစ်စေနိုင်ပါတယ်။

အဆုတ်အတွက် အစာရွေးစားပါ
ငရုတ်ကောင်း၊ Pistachios သစ်စေ့စတာတွေက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေပါတယ်။ Pistachios သစ်စေ့မှာပါတဲ့ ဂမ်မာတိုကိုဖီရောဟာ ဗီတာမင်အီးအမျိုးအစားဖြစ်ပြီး အဆုတ်ကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်။ ငရုတ်ကောင်းမှုန့်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးပေးရင် ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတို့လို စိတ်မသက်မသာဖြစ်စေတဲ့ ဝေဒနာတွေကို လျော့ပါးစေပါတယ်။
Ref; HD

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top