Healthy Life Ad
Q & A

ရင်သားကင်ဆာဖြစ်နေချိန် စားသင့်သောအစာ

မေး. ရင်သားကင်ဆာဖြစ်နေတဲ့အချိန်နဲ့ ဆေးသွင်းနေရတဲ့အချိန် ဘာအစားအသောက်တွေ ရှောင်ရမလဲဆရာ၊ ဘာတွေကို စားသင့်ပါသလဲဆရာ။
ဒေါ်တင်တင်ကြီး၊ ရန်ကုန်။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ရင်သားကင်ဆာဖြစ်နေတဲ့အချိန်နဲ့ ကင်ဆာဆေးသွင်းနေရတဲ့အချိန်တွေမှာ စားသောက်သင့်တာက သာမန်ကျန်းမာလိုသူတွေလိုပဲ စားသောက်သင့်တာဖြစ်ပါတယ်။

(၁) ရေများများ သောက်ရပါမယ်။

(၂) အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ အသီးအရွက်၊ ငါးစတာတွေကို များများစားပေးရပါမယ်။

(၃) အဆီအအိမ့်၊ အငန်ဓာတ်၊ အချိုဓာတ်လွန်ကဲတဲ့ အစာတွေကို လျှော့စားရပါမယ်။

Most Popular

Healthy Life Ad
To Top