Healthy Life Ad
International

တိုင်းရင်းလိမ်းဆေးကြောင့် အရေပြားကင်ဆာပျောက်ပြီဟု အမျိုးသမီးတစ်ယောက်ဆိုသော်လည်း မယုံကြည်သင့်ဟုဆို

မိုးမင်းထွန်း
နယူးဇီလန်မှ ဘရီတာဟော်လိုစ်ဆိုသူ အမျိုးသမီးက ဆရာဝန်တွေကန့်ကွက်ထားတဲ့ တိုင်းရင်းလိမ်းဆေးတစ်မျိုးနဲ့ သူရဲ့ရင်ဘတ်ပေါ်က အရေပြားကင်ဆာအနာကို ကုသနိုင်ခဲ့ပြီလို့ ဆိုပါတယ်။၆၃-နှစ်အရွယ် လူနာအမျိုးသမီးက တိုင်းရင်းဆေးကို အသုံးမပြုခင် ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သေသေချာချာ လေ့လာခဲ့တယ်လို့ ပြောပါ တယ်။

ဟော်လိုစ်ဟာ ဆရာဝန်တွေကို တိုင်ပင်ခြင်း မရှိရုံသာမက သူရဲ့အနာဟာ အရေပြားကင်ဆာ ဖြစ်သလားဆိုတာကိုပါ အသားစ စစ်ဆေးမှုမပြု လုပ်ခဲ့ဘူးလို့ သိရပါတယ်။၁၂ လတာအချိန်အတွင်း ဆေးရဲ့အာနိသင်က သူရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုသက်ရောက်သလဲ ဆိုတာကိုပါ ဓာတ်ပုံမှတ်တမ်းတင်ထား ခဲ့ပါတယ်။

ဒီဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နာမည်ကြီးသွားခဲ့ပြီး ချီးကျူးသူတွေရှိသလို ဆေးပညာအတွေ့ အကြုံမရှိဘဲ စမ်းသပ်မှုအတွက် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ဟော်လိုစ်ကပြောရာမှာ ဆေးလိမ်းတဲ့အချိန် ၆-ပတ်ခန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။ ဟော်လိုစ်က သူ့အနာရဲ့နောက်ဆုံး အခြေအနေကို မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ပြီး ရောဂါလုံးဝ ကင်းရှင်းသွားပြီလို့ ဆိုခဲ့ပါတယ်။

ဟော်လိုစ်မတိုင်ခင်က အသက် ၅၅-နှစ် အရွယ်အမျိုးသားတစ်ယောက်ဟာ ဒီလိမ်းဆေးကြောင့် ဦးခေါင်းမှာ တစ်လက်မအရွယ် အပေါက်ကြီးတစ်ပေါက်ဖြစ်ကာ ဆေးရုံတင်ခဲ့ရပါတယ်။ဆရာဝန်တွေက လိုင်စင်မရှိတဲ့ ဒီလိမ်းဆေးမှာ Bloodroot အပင်နဲ့ ဇင့်ကလိုရိုက်ဒ်မှဖြစ်တဲ့ အဆိပ်အတောက်ပါဝင်တာကြောင့် အမာရွတ်ထင်တာနဲ့ ပုံပျက်ပန်းပျက်ဖြစ်တာတို့ကို ဖြစ်စေနိုင်ပြီး လူနာတွေအနေနဲ့ အသုံးမပြုသင့်ကြောင်း သတိပေးထားပါတယ်။
Ref; Mednew

Most Popular

Healthy Life Ad
To Top