Healthy Life Ad
Life Style

သင်အကြိုက်ဆုံးအားကစားကို ကြည့်ပြီး သင့်အကြောင်း ပြောပြမယ်

လူတစ်ယောက်ရဲ့ အကြိုက်ဆုံး အားကစားနည်းကိုကြည့်ပြီး သူ့ရဲ့ စိတ်နေသဘောထားကို ခန့်မှန်းနိုင်တယ်လို့လည်း ဆိုပါတယ်။ အားလပ်ချိန်တွေမှာ ဘောလုံးပွဲ တစ်နေကုန် ထိုင်ကြည့်နေတဲ့လူတစ်ယောက်ရဲ့ စိတ်နဲ့ တစ်နေကုန် စားပွဲတင်တင်းနစ် ကစားနည်း ကစားနေတဲ့သူရဲ့ စိတ်နဲ့ ကွာခြားနေမယ်ဆိုတာ အသေအချာပါပဲ။ အောက်မှာဖော်ပြထားတဲ့ အားကစားနည်းထဲက ဘယ်ကစားနည်းကို အကြိုက်ဆုံးလဲဆိုတာကို ရွေးချယ်ပြီး ကိုယ့်ရဲ့ စိတ်နေသဘောထားက ဘယ်လိုရှိသလဲဆိုတာကို ခန့်မှန်းကြည့်ကြပါဦး။

BaseBall

သင်က ဘေ့စ်ဘော ကစားနည်းကို ကြိုက်ရင်
သင့်အိမ်မှာ ဘေ့စ်ဘောရိုက်တဲ့ တုတ်တံ ဒါမှမဟုတ် ဘောလုံးနဲ့ ဘေ့စ်ဘော လက်အိတ်လေးတွေ သိမ်းထားတာရှိနေပါသလား။ အမေရိကန်ကစားနည်း တစ်မျိုးဖြစ်တဲ့ ဘေ့စ်ဘောကစားနည်းကို ကြိုက်နှစ် သက်ကြတဲ့သူတွေဟာ အများအားဖြင့် အမျိုးချစ်သူ တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ သူတို့တွေဟာ စိတ်ရှည် သည်းခံနိုင်စွမ်းမြင့်ပြီး စိတ်ဓာတ်အမြဲ တက်တက်ကြွကြွ ရှိတတ်သူတွေပဲဖြစ်ပါတယ်။

Golf

သင်က ဂေါက်ရိုက် ကစားနည်းကို ကြိုက်ရင်
ဂေါက်ရိုက်ကစားနည်းဟာ ယောကျာ်းလေးတွေရဲ့ အိမ်ထောင်မှုတာဝန်တွေကို အပျက်ပြားစေဆုံး အားကစား လို့တောင် အပျော်သဘောနဲ့ ပြောထားပါတယ်။ သူတို့တွေဟာ အလုပ်အားလပ်ချိန်တိုင်း သူငယ်ချင်းတွေနဲ့ ချိန်းပြီး ဂေါက်ရိုက်ဖို့ အမြဲစိတ်အားထက်သန်နေတတ်ကြလို့ပါ။ ဂေါက်ရိုက်ရတာကို ပျော်မွေ့သူတွေဟာ အများအားဖြင့် တရားမျှတမှုကို တန်ဖိုးထားသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ စိတ်သဘောထားရှိပြီး အေးအေးချမ်းချမ်းနဲ့ သက်တောင့်သက်သာနေရတာကို သဘောကျသူတွေပဲ ဖြစ်ပါတယ်။

Football

သင်က ဘောလုံး ကစားနည်းကို ကြိုက်ရင်
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းတစ်ခု ဖြစ်တဲ့ ဘောလုံးကစားနည်းကို ကြိုက်နှစ်သက်သူအများစုဟာ ပျော်ပျော်နေတတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်း ဝင်ဆံ့ပြီး ခရီးသွားရတာကို သဘောကျလေ့ရှိကြပါတယ်။ အလိုရမ္မက်လည်း ကြီးတတ်တယ်လို့ ဆိုပါတယ်။ ဘောလုံး ကစားနည်းကို အလွန်ရူးသွပ်သူတွေဟာ စိတ်အားထက်သန် လွန်းတဲ့အတွက် တစ်ခါတစ်ရံ စိတ်အလိုမကျတာ တွေများ လေ့ရှိတယ်လို့လည်း ဆိုထားပါတယ်။ စည်းလုံးခြင်းရဲ့ အင်အားကို ယုံကြည်သူဆိုတာလည်း အသေအချာပါပဲ။

American Football

သင်က အမေရိကန် ဘောလုံး ကစားနည်း(American Football) ကို ကြိုက်ရင်
နှစ်ဖက်အားကစားသမားတွေက ဘဲဥပုံ ဘောလုံးကိုပိုက်ပြီး တစ်ဖက်စည်းကို ရောက်အောင် တွန်းတွန်းတိုက်တိုက် ကစားရတဲ့ အမေရိကန်ဘောလုံးကစားနည်းကို နှစ်သက်သူတွေဟာ အပေါင်းအသင်းတွေကို အချိန်ပေးရတာ သဘောကျသူတွေပါပဲ။ ဘယ်ကိစ္စကိုမဆို မြန်မြန်ဆန်ဆန်ဆုံးဖြတ်လေ့ ရှိကြပါတယ်။ ခေတ်ဆန်တဲ့ အရာတွေထက် ခေတ်နောက်ကျတဲ့ အရာတွေကို ပိုပြီး သဘောကျလေ့ရှိတယ်လို့ ဆိုပါတယ်။ အမြဲတက်ကြွတဲ့ စိတ်နေသဘောထားရှိပြီး လုပ်စရာပေါ်လာရင် မဆိုင်းမတွ ချက်ချင်းလုပ်ရတာကို သဘောကျသူပါ။

Table Tennis

သင်က စားပွဲတင် တင်းနစ် ကစားနည်းကို ကြိုက်ရင်
ပင်ပေါင်ဘောလုံးလေးနဲ့ကစားရတဲ့ စားပွဲတင် တင်းနစ် အားကစားနည်းဟာ အိုလံပစ်အားကစား နည်းတစ်ခုလည်း ဖြစ်ပါတယ်။ စားပွဲတင်တင်းနစ် ကစားနည်းသို့မဟုတ် ဘိလိယက်ကစားနည်းလိုမျိုး စားပွဲခုံပေါ်မှာ ကစားရတဲ့ နည်းတွေကို သဘောကျတတ်သူတွေကတော့ အလုပ်ကိစ္စတွေကို အချက် ကျကျလုပ်ကိုင်တတ်သူတွေပါ။ စည်းစနစ်ကျတာကို သဘောကျကြပါတယ်။ လူအများနဲ့ ဆက်ဆံပေါင်းသင်းနေထိုင်တာမျိုး နည်းပေမယ့် အထီးကျန်နေသူတွေတော့မဟုတ်ပါဘူး။ အခင် ဆုံးသူငယ်ချင်းတွေ ရှိနေတတ်ပါတယ်။ လုပ်စရာရှိရင် တခြားလူကိုခိုင်းရတာထက် ကိုယ်တိုင်လုပ်ရတာကို ပိုပြီးသဘောတွေ့တတ်ကြသူပါ။

Bowling

သင်က ဘိုးလင်း ကစားနည်းကို ကြိုက်ရင်
ဘိုးလင်းကစားရတာကတော့ ဒိုးပစ်ကစားကြသူတွေနဲ့ ပုံစံစိတ်နေသဘောထားတူပါတယ်။ သူတို့တွေက ခေတ်ရေစီးကြောင်းတွေ တခြားသူတွေရဲ့အမြင်တွေကို သိပ်ပြီး စိတ်ထဲမထားတတ်ကြပါဘူး။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာ သဘောကျတတ်ပါတယ်။ စိတ်ဓာတ်ခိုင်မာပြီး အလွယ်တကူ အလျှော့ပေးလေ့မရှိပါဘူး။ သူများတွေရဲ့ ဝေဖန်မှုတွေကို စိတ်ထဲမထားဘဲ မိမိယုံကြည်ချက်အတိုင်း အောင်မြင်အောင် လုပ်ဆောင်တတ်ကြသူ ဖြစ်ပါတယ်။

Basketball

သင်ကဘတ်စကတ်ဘော ကစားနည်းကိုကြိုက်ရင်
ဘတ်စကတ်ဘော ကစားနည်းဟာလူကြိုက်များတဲ့ အားကစားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘတ်စကတ်ဘော ကစားနည်းကို ကြိုက်နှစ်သက်တဲ့သူတွေဟာ အများအားဖြင့် နိုင်လိုစိတ်ပြင်းထန် ကြသူတွေဖြစ်ပါတယ်။ အပေါင်းအသင်း ဝင်ဆံ့ကြပါတယ်။ စိတ်ဓာတ်ခိုင်မာကြသူတွေဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုတွေကို ရှာဖွေနေတတ်ပါတယ်။ အပေါင်းအသင်းတွေပေါ်မှာလည်း သစ္စာရှိသူဖြစ်ပါတယ်။

Tennis

သင်က တင်းနစ် ကစားနည်းကို ကြိုက်ရင်
တင်းနစ်ကစားနည်းကို ကြိုက်နှစ်သက်သူတွေဟာ ကျန်းမာသန်စွမ်းမှုကို အလေးထားသူတွေပါ။ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိပြီး လွပ်လပ်မှုကို တန်ဖိုးထားသူဖြစ်ပါတယ်။ ကိစ္စရပ်တွေကို သမားရိုး ကျမဟုတ်ဘဲ အမြင်အသစ်တွေတွေးတောတတ်သူ တွေပဲဖြစ်ပါတယ်။ ဒီကစားနည်းကို ကြိုက်နှစ်သက်သူ တွေက အခင်ဆုံးသူငယ်ချင်းတွေကို ရင်ဖွင့်ပြောပြရတာက စိတ်ညစ်စရာတွေကို ဖြေဖျောက်ဖို့ အကောင်း ဆုံးနည်းလို့ ယုံကြည်သူပါ။

Most Popular

Healthy Life Ad
To Top