Healthy Life Ad
Health Tips

အဆုတ်ရောင်ရမ်းခြင်း သက်သာစေမည့် အစာများ

ကိုထက်

အဆုတ်ရောင်ရမ်းတဲ့အခါ အသက်ရှူမဝတဲ့ ဝေဒနာအပါအဝင် တခြားဝေဒနာတွေ ခံစားရတတ်ပါတယ်။ လေ့ကျင့်ခန်းကိုလည်း ကောင်းကောင်းမလုပ်နိုင်ဘဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်တဲ့အခါ မောပန်းနွမ်းနယ် နေတတ်ပါတယ်။ ဒါကြောင့် အဲဒီဝေဒနာတွေ သက်သာစေဖို့ နေ့စဉ်စားသင့်တဲ့ အစာထဲမှာ အောက်ပါတို့ ပါဝင်သင့်ပါတယ်။

blueberries-basket

ဘယ်ရီသီးများ
ဗီတာမင်စီပါဝင်မှု မြင့်မားတဲ့ ဘယ်ရီသီးတွေက အဆုတ်ရောင်ရမ်းမှု မဖြစ်စေဘဲ အနာကျက်စေပါတယ်။ ဗီတာမင်စီကဆဲလ်တွေ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါ့အပြင် အဆုတ်ထိခိုက်မှုကို ပြန်ကောင်းအောင်ပြုပြင်ပေးပါတယ်။

broccoli-DSC_1445

ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း စားတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပြေစေပြီး အဆုတ်ကို နောက်ထပ် ထိခိုက်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

fruits

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များများ ပါဝင်တဲ့အပြင် အမျှင် ဓာတ်ပါဝင်မှု မြင့်မားတဲ့အတွက် အဆုတ်ရောင်ရမ်းမှုဖြစ်စဉ် တိုးမလာအောင် ကာကွယ်ပေးပါတယ်။

flower fruits

ပန်းဂေါ်ဖီပွင့်
ပန်းဂေါ်ဖီစိမ်းလိုပဲ ပန်းဂေါ်ဖီပွင့်ဟာ ခန္ဓာကိုယ်၊ အထူးသဖြင့် အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ပန်းဂေါ်ဖီပွင့်ဟာ ဆာလဖာဒြပ်ပေါင်း ပါဝင်တဲ့အတွက် အဆိပ်ပြေစေတဲ့ အကောင်းဆုံးအစာပါ။

5

ငရုတ်ပွသီး
နေ့စဉ်အစားအသောက်ထဲမှာ ငရုတ်ပွသီးပါဝင်တဲ့အခါ ဗီတာမင်စီပါဝင်မှု မြင့်မားတဲ့အတွက် အဆုတ်ရောင်တာကို လျော့ကျစေပါတယ်။ ငရုတ်ပွသီးမှာပါဝင်တဲ့ ဗီတာမင်စီက လိမ္မော်သီးမှာ ပါဝင်တဲ့ ပမာဏထက် ပိုများပါတယ်။

malakar fruits

မာလကာသီး
မာလကာသီးမှာ ဗီတာမင်စီ အင်တီအောက်ဆီးဒင့် အကောင်းဆုံးပမာဏပါဝင်တာကြောင့် အဆုတ်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

bunch-grapes

သံပရိုသီး၊ သံပရာသီး၊ လိမ္မော်သီးနှင့် စပျစ်သီး
သံပရိုသီး၊ သံပရာသီး၊ လိမ္မော်သီး၊ မန်ကျည်းသီး၊ စပျစ်သီးစတဲ့ အချဉ်အရသာရှိတဲ့ သစ်သီးတွေမှာ ဗီတာမင်စီ များများပါဝင်ပါတယ်။ ဒါကြောင့် ဒီအတိုင်း စားနိုင်သလို ဖျော်ရည်ဖျော်သောက်ရင်လည်း အဆုတ်ကို အနာကျက်စေပါတယ်။

 

6

ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာပါဝင်တဲ့ ပရိုတင်းဓာတ်က အဆုတ်တစ်သျှူး ထိခိုက်မှုကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ ဗီတာမင်ဒီပါဝင်တာကြောင့် အဆုတ်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

fish oils

အဆီများသည့် ငါး
အဆီများတဲ့ ငါးတွေကို စားနေကျ အစာထဲထည့်စားတာကြောင့် ဗီတာမင်ဒီနဲ့ ကောင်းတဲ့ အဆီကို ရရှိစေပါတယ်။ စားသင့်တဲ့ ငါးတွေက ငါးသေတ္တာ ငါးတွေဖြစ်ပါတယ်။

food

မှို
မှိုမှာ ဗီတာမင်ဒီပါဝင်မှုများပါတယ်။ မှိုမချက်ခင် နေရောင်ခြည်နဲ့ ထိတွေ့စေတာကြောင့် ဗီတာ မင်ဒီပါဝင်မှုပမာဏကို မြင့်တက်စေပါတယ်။

fish skin

ရေညှိ
ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့နဲ့ အဆုတ်ရောင်တာ သက်သာစေဖို့ အစာထဲ ပင်လယ်ရေညှိထည့် စားပေးပါ။ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

Ref; HD

Most Popular

Healthy Life Ad
To Top