Healthy Life Ad
Child

ရေကျောက်ပေါက်ရင် သက်သာအောင်

မေး။ ။ ရေကျောက်ပေါက်ရင် သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။

လှိုင်ကိုကိုဦး (FB)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် မှ ဖြေကြားပေးပါသည်။ အရေပြားအထူးကုဆရာဝန်ကြီး၊မြောက်ဥက္ကလာပဆေးရုံကြီး။

ဖြေ။ ။ ယားရင် အယားသက်သာစေမယ့် ဆေးလိမ်းရပါမယ်။ ဆေးစားရပါမယ်၊ ရေဖတ်တင်ရပါမယ်။ ရေကျောက်ဖြစ်နေပေမယ့် ရေချိုးလို့ရပါတယ်။ ဒါပေမဲ့ အရည်ကြည်ဖုလေးတွေကို ပွတ်တိုက်ပွန်းပဲ့ တာမဖြစ်အောင်ရှောင်ရပါမယ်။ ပိုးမဝင်အောင် သတိထားရပါမယ်။

ရေကျောက်ပေါက်နေရင် အရည်ကြည်ဖုလေးတွေက သူ့ဘာသာ အနာကျက်တာ ပျောက်တဲ့အထိ စောင့်ရပါမယ်။ ကုတ်ခြစ်တာ၊ ထိခိုက်မိတာ၊ ဒဏ်ရာရတာ၊ ဆေးအပူတွေ၊ အရေပြားကိုစားစေမယ့် ဆေးတွေ လိမ်းတာလုံးဝရှောင်ရပါမယ်။ ယားလို့ကုတ်ရင် အနာရင်းပြီး အမာရွတ်နက်နက် ကျန်တတ်တယ်။ အကောင်းဆုံးက ဆေးရုံ၊ ဆေးခန်းကို သေသေချာ ချာပြသသင့်တာပဲ။ ပူနေရင်ပိုယားတတ်လို့၊ အလုပ်/ ကျောင်းနားသင့်ပါတယ်။ ရေကျောက်ပေါက်နေသူကို သီးသန့်ခွဲခြားထားသင့်ပါတယ်။ သူတစ်ပါးကို မကူးစက်တော့မယ့် အချိန်ကျမှ ပုံမှန် ကျောင်းတက်၊ အလုပ်သွားတာတွေ လုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top