Healthy Life Ad
Health Tips

နှာခေါင်းကြီးသူတို့အတွက် နှာခေါင်းသေးသယောင်ထင်ရစေမည့် မိတ်ကပ်လိမ်းနည်း

၊ ငွေကြယ်စင်ယံ ၊

နှာခေါင်းကြီးတဲ့သူတွေဟာ အလှပြင်တဲ့အခါ ပြင်တတ်တယ်ဆိုရင် နှာခေါင်းသေးသယောင်ဖြစ်စေပြီး မျက်နှာကိုပိုကြည့်ကောင်း စေပါတယ်။

(၁) နှာခေါင်းဘေးတွင် အရောင်ရင့်မိတ်ကပ်လိမ်းခြင်း

သင့်မျက်နှာအသားအရေကို ကြည့်ကောင်းစေမယ့် သဘာဝမိတ်ကပ်အရောင်ကို လိမ်းပါ။ ပြီးရင် လိမ်းနေကျမိတ်ကပ်ထက် နှစ်ရောင်၊ သုံးရောင် ပိုရင့်တဲ့မိတ်ကပ်ကို နှာခေါင်းဘေးမှာလိမ်းပါ။ နှာခေါင်းတစ်ဘက်တစ်ချက်မှာ အရောင်ရင့်တဲ့မိတ်ကပ်ခရင်မ် လိုင်းတစ်ကြောင်းစီဆွဲလိုက်ပါ။

(၂) အညိုရောင်အိုင်းရှဲဒိုး သုံးခြင်း

နှာခေါင်းဘေးဘက်တွေမှာ အညိုရောင်အိုင်းရှဲဒိုး လိမ်းပေးပါ။ နှာခေါင်းအလယ်မှာ အဖြူရောင်အိုင်းရှဲဒိုး ဒါမှမဟုတ် Highlighter လိမ်းပေးပါ။

(၃) နှာခေါင်းအဆီပြန်လျှင် ပေါင်ဒါမှုန့်လိမ်းခြင်း

နှာခေါင်းအဆီပြန်နေရင် နှာခေါင်းကပိုကြီးသယောင် ဖြစ်စေပါတယ်။ ဒါကြောင့် ပေါင်ဒါမှုန့်လိမ်းပါ။

(၄) မီးခိုးရောင်မျက်ဝန်း ခြယ်သခြင်း

မျက်နှာမှာမျက်ဝန်းက ထင်ရှားပေါ်လွင်နေရင် နှာခေါင်းဆီကို အကြည့်မရောက်စေနိုင်တော့ပါဘူး။ မျက်ဝန်းကို မီးခိုးရောင်ဖြစ်အောင် ခြယ်သဖို့လိုပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top