Healthy Life Ad
Life Style

သင်အချစ်ဆုံး တိရစ္ဆာန်လေးကိုကြည့်ပြီး သင့်အကြောင်း ပြောပြမယ်

ကိုထက်

(1) – သင်က ငှက်လေးကို အချစ်ဆုံးဆိုရင် . .
2a
စာကလေးဖြစ်ဖြစ်၊ သိမ်းငှက်ဖြစ်ဖြစ်၊ ပင်ဂွင်း ဖြစ်ဖြစ်၊ ကြက်တူရွေးဖြစ်ဖြစ် ငှက်လေးတွေကို သဘောကျ နှစ်သက်သူဆိုရင် သင်ရဲ့ စိတ်သဘောထား ကလည်း ငှက်တွေလိုပါပဲ. . မြင့်မြင့်ပျံလေ ဝေးဝေး မြင်လေဆိုတဲ့ သဘောထားကို လက်ခံထားတတ်သူပါ။ ရည်မှန်းချက်ကြီးကြီး ထားတတ်ပြီး အောင်မြင် အောင်လည်း ဝီရိယရှိရှိ အားထုတ် ကြိုးစားသူတွေပါ။ သင့်အချိန်တွေကို အကျိုးရှိရှိ အသုံးချချင်စိတ် ရှိနေတတ်ပြီး တခြားသူတွေကို အချိန်သိပ်မပေးတတ်ပါဘူး။ စွန့်စားရတာကို သဘောကျပြီး ဖြစ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရင်ဆိုင်မယ့်သူပါပဲ။

(2) – သင်က ခွေးကို အချစ်ဆုံး ဆိုရင်
2c
ခွေးလေးတွေက သင့်အချစ်ဆုံး တိရစ္ဆာန်လေးတွေလား။ ဒါဆိုရင်တော့ သင်ဟာ ကျေးဇူးသစ္စာစောင့်သိသူ၊ တခြားလူအပေါ် ခင်ခင်မင်မင်နေတတ်သူ ဖြစ်နိုင်ပါတယ်။ သင်ချစ်တဲ့ သူတွေအပေါ် စေတနာအပြည့် ထားပြီး အကူအညီပေးသူ၊ ကာကွယ် စောင့်ရှောက်တတ်သူပါ။ ရိုးရှင်းတဲ့ဘဝ နေထိုင်မှုကို နှစ်သက်တတ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေကို သေသေချာချာ မှတ်ထားတတ်သူပါ။ မိမိအပေါ် စိတ်သဘောထား ကောင်းကောင်း၊ မကောင်းကောင်း မိမိကတော့ အမြဲကောင်းအောင် နေမယ်ဆိုတဲ့ သူတွေပါပဲ။

(3) – သင်က ကြောင် သို့မဟုတ် ကျားသစ် သို့မဟုတ် ကျားကို အချစ်ဆုံးဆိုရင် . .
2b
သင်ဟာ ကြောင်လေးတွေ ဒါမှမဟုတ် ကျားသစ်၊ ကျားကို သဘောကျ နှစ်သက်ပါသလား။ ဒါဆိုရင် သင်ဟာ တက်တက်ကြွကြွ ရှိသူပါ။ မိသားစုကိုလည်း ခင်တွယ်တတ်ပြီး ဖော်ရွေတတ်သူတွေလည်း ဖြစ်ပါတယ်။ ခေါင်းဆောင် တစ်ဦးလို စိတ်ဓာတ်ပြင်းထန်ပြီး မိမိမှာရှိတဲ့ အရည်အချင်းတွေကို ကောင်းကောင်း အသုံးချလိုသူပါ။ တစ်ခါတလေ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ဝမ်းနည်းနေတတ်ပေမယ့် အလျော့မပေးဘဲ ယုံကြည်ချက်အတိုင်း ဆက်လျှောက်လှမ်းသူတွေ ဖြစ်တတ်ကြပါတယ်။

(4) – သင်က သစ်ကုလားအုတ်ကို အချစ်ဆုံးဆိုရင်
2e
သစ်ကုလားအုတ်ကို ချစ်တဲ့သူဆိုတာ ရှားနိုင်ပါတယ်။ ဒါပေမဲ့ အကွက်အကွက်တွေနဲ့ အရပ်အမြင့်ကြီးရှိတဲ့ သစ်ကုလားအုတ်ကိုမှ သဘောကျသူဆိုရင်တော့ သင်ဟာ စိတ်ရှည်သူ၊ သည်းခံနိုင်စွမ်းရှိသူ ဖြစ်နိုင်ပါတယ်။ ကိစ္စတိုင်းကို အေးအေးဆေးဆေး စဉ်းစားတွေးခေါ်ပြီး ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ်။ ကြင်နာတတ်သူ၊ ကူညီတတ်သူတွေ ဖြစ်ပါတယ်။ သူတစ်ပါးအပေါ် မှီခိုတတ်သူတွေ မဟုတ်ပါဘူး။ အလုပ်တိုင်းကို အားသွန်ခွန်စိုက် ပြုလုပ်တတ်ပြီး ခိုကပ်တတ်သူလည်း မဟုတ်ပါဘူး။

(5) – သင်က ဆင်ကို အချစ်ဆုံးဆိုရင် . .
2d
ဆင်ကို သင်သဘောအကျဆုံး တိရစ္ဆာန်အဖြစ် ရွေးထားပါသလား။ ဆင်တွေကို သဘောကျရင် သင် ကိုယ်တိုင်ကလည်း ဆင်တွေလို အားသန်ပြီး စွမ်းအင်အပြည့်ရှိနေတဲ့ပုံ ဖြစ်ရတာကို သဘောကျလို့ပါပဲ။ ဆင်တွေကို သဘောကျသူဟာ တွေးခေါ်နိုင်စွမ်းမြင့်ပြီး အချစ်လည်း ကြီးသူပါ။ မိမိကိုယ်ကိုယ် ယုံကြည်ချက် ပြင်းထန်ပါတယ်။ စိတ်သဘောထား ကောင်းကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ တစ်ကိုယ်ကောင်း ဆန်တယ်လို့ အထင်ခံရတတ်ပါတယ်။ အလုပ်ကိစ္စတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိုက်တိုင်း မိမိ ကိုယ်ကိုယ် ကျေနပ်အားရပြီး နောက်ထပ် အောင်မြင်မှုတွေကို ရယူလိုစိတ် ရှိတတ်ပါတယ်။

(6) – သင်က မြင်းကို အချစ်ဆုံးဆိုရင်
2f
မြင်းတွေကို ချစ်တဲ့သူက လွတ်လပ်မှုကို အလွန်အမင်း နှစ်သက်သူပါ။ မြင်းတွေကို သဘောအကျဆုံး ဆိုရင် သင်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေကို အလေးထားသူပါ။ တခြားသူတွေက ဘာပြောပြော သင်ဖြစ်ချင်တဲ့ ဆန္ဒကိုသာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ။ သူများက ကိုယ့်အတွက် ဆုံးဖြတ်ပေးတာမျိုးကို မနှစ်သက်ပါဘူး။ အပျော်အပါးတွေကိုလည်း နှစ်သက်ပါတယ်။ ရည်မှန်းချက် ကြီးကြီးထားပြီး လုပ်ဆောင်တတ်သူပါ။ တစ်ခါတစ်ရံ တပြိုင်တည်းနဲ့ ရည်မှန်းချက် အများကြီး ထားမိတတ်ပါတယ်။

(7) – သင်က ဝက်ကို အချစ်ဆုံးဆိုရင်
2g
သင့်အိမ်မှာ ဝက်လေးတွေ မွေးထားပြီး သဘောကျ ချစ်တယ်ဆိုရင် သင်ဟာ စိတ်ခံစားလွယ်သူ ဖြစ်နိုင်ပါတယ်။ အပေါင်းအသင်းအများကြီး မရှိတတ် ပေမယ့် ရှိတဲ့သူငယ်ချင်းတွေ အပေါ် အရမ်းခင်မင်သူပါ။ သင့်သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းတွေကလည်း သင်ရဲ့ရိုးသားတဲ့ စိတ်ထားကို အသိအမှတ်ပြုပြီး တုံ့ပြန်မေတ္တာနဲ့ ပြန်ခင်တာကို ခံရတတ်သူတွေပါ။ သင်က စိတ်လှုပ်ရှားလွယ်ပြီး မသိသေးတဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစားနဲ့ သိချင်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top