Healthy Life Ad
Q & A

ကိုယ်ဝန်ဘယ်နှလဆို ကလေးလှုပ်ပြီလဲ . . .

မေး – ကိုယ်ဝန် ဘယ်နှလလောက်ဆို ကလေးလှုပ်တာ သိရပါပြီလဲရှင့်။ ဘယ်လိုမျိုး လှုပ်တာပါလဲရှင့်။
….. Hsu Mon Lwin

ဒေါက်တာစိုးလွင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး မှဖြေကြားသည် ၊

ဖြေ – ကလေးကတော့ အစောကြီးကတည်းက လှုပ် နေပါတယ်။ ဒါပေမဲ့ မိခင်တွေ သိတာကတော့ မတူပါဘူး။ ကလေးမွေးဖူးပြီးသား အတွေ့အကြုံ ရှိပြီးသူတွေဆိုရင် ကိုယ်ဝန် ၁၆ ပတ်နဲ့ ၁၈ ပတ်ကြားမှာ ကလေးလှုပ်တာကို စောစောသိကြပါတယ်။ ကလေး မမွေးဖူးတဲ့ သားဦးကိုယ်ဝန်ဆိုရင် ကလေးမွေးပြီးသား မိခင်တွေထက် နှစ်ပတ်နောက်ကျပြီးမှ သိကြပါတယ်။ အကြမ်းအားဖြင့် ကိုယ်ဝန် ၁၈ ပတ်နဲ့ ၂၀ ပတ်ကြားထဲမှာ ကလေးလှုပ်တာ သိကြပါတယ်။ တစ်ခါတလေကျတော့ ကလေးက စလှုပ်ပေမယ့် ကလေးလှုပ်တာကို ကိုယ်ဝန်ဆောင် မိခင်ကကောင်းကောင်း မသိသေးဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။ သတိပြုရမှာက ကလေးက လှုပ်နေရာကနေ လုံးဝ မလှုပ်တော့ဘူးဆိုရင် စိုးရိမ်ရပါတယ်။

Most Popular

Healthy Life Ad
To Top