Healthy Life Ad
International

ရာသီလာချိန်နာကျင်မှုအတွက် ဆေးခြောက်ပါဝင်သည့်ဆေးတစ်မျိုးကို ဝူပီဂိုးဘာ့ဂ် ထုတ်လုပ်

၊ မိုးမင်းထွန်း ၊

အမျိုးသမီးအတော်များများဟာ ရာသီလာချိန်နာကျင်မှုဝေဒနာကို ခံစားနေရပါတယ်။ အဲဒီနာကျင်မှု သက်သာစေဖို့ ရရှိနိုင်တဲ့ကုသမှုကတော့ အကိုက်အခဲပျောက်ဆေးတွေပဲ ဖြစ်ပါတယ်။ လတိုင်းဒုက္ခခံနေရတဲ့ အမျိုးသမီးတွေအတွက် မင်းသမီးဝူပီဂိုးဘာ့ဂ်က ဆေးခြောက်ပါဝင်တဲ့ဆေးတစ်မျိုးကို ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

Ghost နဲ့ Sistern Act စတဲ့ဇာတ်ကားတွေရဲ့ သရုပ်ဆောင်ဖြစ်တဲ့ ဂိုးဘာ့ဂ်က အမျိုးသမီးတွေ ရာသီလာချိန်သက်သောင့်သက်သာရှိစေဖို့ နည်းလမ်းတစ်ခုကို လုပ်ဆောင်နိုင်တော့မှာဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်လို့ ပြောပြပါတယ်။

ရာသီလာချိန်နာကျင်မှုကို ငယ်ရွယ်တဲ့အမျိုးသမီးတွေ ခံစားရလေ့ရှိပြီး ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီး ၄၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ခံစားနေရတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ အဲဒီထဲက ၁၀ ရာခိုင်နှုန်းခန့်ဟာ အပြင်းအထန် ခံစားနေရတယ်လို့ ဆိုပါတယ်။

ဂိုးဘာ့ဂ်က ပူးတွဲတည်ထောင်သူ မာယာအယ်လီဇဘက်နဲ့ တွဲဖက်ကာ ကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီး ဒီဆေးဝါးတွေကို ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဆေးခြောက်ပါဝင်တဲ့ဆေးတွေကို အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာ တရားဝင်ခွင့်ပြုခဲ့ပြီးကတည်းက အနုပညာရှင်တွေဟာ ဆေးခြောက်ပါဝင်တဲ့ ဆေးဝါးတွေကို ကိုယ်တိုင်ထုတ်လုပ် လာကြပါတယ်။

ရပ်ပါစနုဒေါ့၊ ဟာသသရုပ်ဆောင်တွန်မီချောင် စသူတို့ဟာ ဆေးခြောက်ပါဝင်တဲ့ ဆေးဝါးတွေကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်ကြပါတယ်။

(Ref;TT)

Most Popular

Healthy Life Ad
To Top