Healthy Life Ad
International

၁၀နှစ်ကြာရှိနေသည့်မှဲ့က သေစေနိုင်သော မှဲ့ကင်ဆာ ဖြစ်နေကြောင်း သိလိုက်ရသော သတို့သမီးလောင်း

၁၀နှစ်ကြာရှိနေသည့်မှဲ့က သေစေနိုင်သော မှဲ့ကင်ဆာ ဖြစ်နေကြောင်း သိလိုက်ရသော သတို့သမီးလောင်း
မိုးမင်းထွန်း

သူ့မျက်နှာပေါ်က မှဲ့ ဟာသေစေနိုင်တဲ့ ကင်ဆာမှန်းသိလိုက်ရတဲ့ ဝေဒနာသည် တစ်ယောက်ဟာ တခြားလူတွေအနေနဲ့ မိမိတို့ရဲ့မှဲ့တွေကို စစ်ဆေးကြည့် ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ယူကေနိုင်ငံ၊ ရော့ရှိူင်းယားဒေသမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ဂမ်မာ ကော့ထန်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့မျက်နှာ ဘယ်ဘက်ခြမ်းမှာ အစက်အပြောက် တစ်ခုဖြစ်ပေါ်လာခဲ့ပြီး ထိုမှတဆင့် မှဲ့တစ်လုံး စတင်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းက အရေပြားဆရာဝန်ဆီ သွားရောက်ပြသခဲ့ရာမှာ အန္တရာယ် မရှိနိုင်ဘူးလို့ ပြောဆိုခဲ့တာကြောင့် ဖယ်ရှားဖို့ မကြိုးစားခဲ့ပါဘူး။ အိမ်ထောင်ပြုတော့မယ့် ဂမ်မာဟာ မှဲ့အရွယ်အစားက တဖြည်းဖြည်း ကြီးလာတာကြောင့် မကြာခင်က ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသားစ စစ်ဆေးမှု ပြုလုပ်အပြီးမှာ အရေပြားကင်ဆာရဲ့ကြောက်စရာ အကောင်းဆုံး အမျိုးအစားဖြစ်တဲ့ မှဲ့ကင်ဆာဖြစ်နေကြောင်း သိခဲ့ရပါတယ်။ ရောဂါဟာပျံ့နှံ့နေပြီး မှဲ့ကင်ဆာအဆင့်နှစ်ကို ရောက်ရှိနေပြီလို့လည်း သိခဲ့ရပါတယ်။

24d

ဂမ်မာဟာ ခန္ဓာကိုယ်အတွင်းက အရည်ကြည်ဖုတွေကို ဖယ်ရှားဖို့ ခွဲစိတ်မှုနှစ်ခုကို ပြုလုပ်ခဲ့ရပြီး သူရဲ့နားမှ လည်ပင်းတလျှောက်ကနေ မေးစေ့အထိ ကြီးမားတဲ့ ချုပ်ရာ အမာရွတ်တစ်ခု ကျန်ရစ်တယ်လို့ သိရပါတယ်။ ကင်ဆာအမျိုးအစားဟာ ပြန်လည် ဖြစ်ပေါ်မှုနှုန်း မြင့်မားတာကြောင့် ၃ လတစ်ကြိမ် ဆေးစစ်ဆေးမှု လိုအပ်တယ်လို့လည်း ဆရာဝန်တွေက ဂမ်မာကို သတိပေးခဲ့ပါတယ်။

“ကျွန်မရဲ့ အမာရွတ်တွေကိုကြည့်ပြီး လူတွေကို မထိတ်လန့်စေချင်ပါဘူး။ ဒါပေမဲ့ ကင်ဆာဟာ ဘယ်လို ကြောက်စရာ ကောင်းတယ်ဆိုတာ ကိုတော့ သိစေချင်ပါတယ်။ သေးငယ်တဲ့ မှဲ့ကလေးကလည်း ကင်ဆာဖြစ်စေနိုင်ပြီး လူတွေအနေနဲ့ မိမိတို့ရဲ့ မှဲ့တွေ ကိုစစ်ဆေးသင့်ပါတယ”လို့ ဂမ်မာက တိုက်တွန်းထားပါတယ်။

24e

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top