Healthy Life Ad
Life Style

သင်ရွေးချယ်လိုက်တဲ့ ကျောက်တုံးလေးက သင့်အကြောင်း ပြောပြနေပါတယ်

ကိုထက်

လူတိုင်းလူတိုင်းမှာ မသိစိတ်ဆိုတာရှိပါတယ်။ သိစိတ်လိုပဲ အဲဒီမသိစိတ်တွေက ခန္ဓာကိုယ်ကိုတောင် ခိုင်းစေနိုင်စွမ်းရှိပါတယ်။ တချို့အကြောင်းအရာတွေကို မှတ်ထားတတ်သလို၊ တချို့သိပြီးသားတွေကိုလည်း မေ့ပစ်နိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်ကို လှုံ့ဆော်မှုတွေပေးနိုင်သလို တုန့်ပြန်မှုတွေလည်း ပေးနိုင်ပါတယ်။ စဉ်းစားတွေးခေါ်မှုတွေ၊ တွေဝေခြင်းတွေများတဲ့ သိစိတ်ထက် မသိစိတ်က လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို ပိုပြီး မှန်မှန်ကန်ကန် ပြသလေ့ရှိပါတယ်။ ဒါကြောင့် အောက်က ကျောက်တုံးလေးတွေကို ကြည့်လိုက်ပြီး အများကြီးမတွေးဘဲနဲ့ သင့်စိတ်ထဲမှာ သဘောကျဆုံးလို့ ခံစားမိတဲ့ ကျောက်တုံးလေးတစ်တုံးကို ရွေးချယ်လိုက်ပါ။ သင်ရွေးလိုက်တဲ့ ကျောက်တုံးလေးဟာ သင့်ကို ဘယ်လို စိတ်နေစိတ်ထားစရိုက်လေးတွေရှိသူလဲဆိုတာကို ပြောပြနေပါတယ်။

1. Opalite

နံပါတ် (၁) ကျောက်တုံးကို သဘောအကျဆုံးဖြစ်ရင်
ပထမဦးဆုံး ကျောက်တုံးလေးကို ရွေးချယ်သူတွေဟာ အများအားဖြင့် အတွင်းစိတ်အေးချမ်းသူတွေပါ။ နေ့စဉ်နေ့တိုင်း ရှုပ်နေတဲ့ အလုပ်တွေ၊ ဆူညံသံတွေနဲ့ စိတ်ညစ်စရာတွေရဲ့ အဝေးကို ထွက်သွားချင်နေပြီး အေးချမ်းတိတ်ဆိတ်တဲ့ ဘဝနေထိုင်မှုပုံစံလေးကို တောင့်တနေသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုကို တန်ဖိုးထားတတ်ပြီး ကိစ္စရပ်တိုင်းကို လေးလေးနက်နက် ဆင်ခြင်ဆုံးဖြတ်ပြီး ဆောင်ရွက်လေ့ရှိကြပါတယ်။ ရသမျှအခွင့်အရေးတွေ အကုန်လုံးကို အေးအေးချမ်းချမ်းနေထိုင် ခွင့်ရရေးအတွက် အသုံးချလေ့ရှိသူပါ။

2. Malachite

နံပါတ် (၂) ကျောက်တုံးကို သဘောအကျဆုံး ဖြစ်ရင်
ဒီအစိမ်းရောင် ကျောက်တုံးလေးကို ရွေးချယ်ကြတဲ့သူတွေရဲ့ စိတ်နေသဘောထားကတော့ စိတ်ကူးယဉ်ဆန်တတ်ကြပါတယ်။ စိတ်ထားနူးညံ့သူတွေလည်း ဖြစ်ကြပါတယ်။ နေ့ရက်တိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်လာဖို့သာ မျှော်လင့်နေတတ်ကြသူ တွေဖြစ်ပါတယ်။ လုပ်ငန်းကိစ္စတွေမှာ အပြောင်းအလဲတွေအတွက် ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေးရရှိခဲ့ပါက စိတ်အေးလက်အေးနဲ့ သေချာစဉ်းစား ဆောင်ရွက်တတ်ပြီး အောင်မြင်မှုတွေရရှိစေမယ့် ဆုံးဖြတ်ချက်တွေကို ချပေးနိုင်သူတွေဖြစ်ကြ ပါတယ်။

3. Sun Stone

နံပါတ် (၃) ကျောက်တုံးကို သဘောအကျဆုံးဖြစ်ရင်
အကောင်းမြင်ဝါဒီရှိပြီး စိတ်ထားကောင်းရှိသူအများစုက ဒီကျောက်တုံးကို ရွေးချယ်လေ့ရှိကြပါတယ်။ အရာရာကို အကောင်းဘက်က ကြည့်ပေးပြီး နားလည်နိုင်စွမ်းရှိကြသူတွေ ဖြစ်ကြပါတယ်။ ပျော်ပျော် နေတတ်ပြီး ခွင့်လွှတ်နားလည် ပေးနိုင်စွမ်းလည်း မြင့်မားကြပါတယ်။ ပြဿနာတွေကြုံတွေ့လာရင် သေသေချာချာ လေ့လာစဉ်းစားပြီးမှ ဖြေရှင်းလေ့ရှိကြပါတယ်။ အကောင်းမြင်ပေးတတ်ပြီး နားလည်ပေးနိုင် စွမ်းရှိတဲ့အတွက် ဘဝကအေးချမ်းပြီး ပျော်ရွှင်နေကြရသူတွေဖြစ်ပါတယ်။

4. Mahogany Obsidian

နံပါတ် (၄) ကျောက်တုံးကို သဘောအကျဆုံး ဖြစ်ရင်
လေးခုမြောက်ကျောက်တုံးလေးကို ရွေးချယ်လိုက်တဲ့သူတွေဟာ ဖြတ်ထိုးဉာဏ်ရှိသူတွေလို့ ဆိုရမှာဖြစ်ပါတယ်။ စိတ်ခံစားချက်နဲ့ ဝါသနာပါတဲ့ အရာတွေကိုသာ ဂရုစိုက်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှု ရရှိနိုင်မယ့်သူတွေပါ။ ပျင်းရိတတ်တဲ့ အကျင့်စရိုက် လေးတွေရှိနေပြီး တခြားသူတွေချပေးတဲ့ လမ်းကြောင်းကိုပဲ လျှောက်နေတတ်တဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်ဘဲဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့အရာကို သေချာတွေးတောပြီး တစိုက်မတ်မတ် ကြိုးစားသင့်တဲ့သူတွေဖြစ်ပါတယ်။

5.-Howlite

နံပါတ် (၅) ကျောက်တုံးကို သဘောအကျဆုံး ဖြစ်ရင်
ငါးခုမြောက် အပြာရောင် ကျောက်တုံးလေးကို စိတ်ထဲက သဘောကျမိသွားတယ်ဆိုရင်တော့ သင်ဟာ ရှေးလူကြီးသူမတွေရဲ့ဆုံးမစကားတွေ၊ ဆိုရိုးတွေ၊ လင်္ကာစတာတွေကို ယုံကြည်သက်ဝင်သူတွေဖြစ် တတ်ကြပါတယ်။ နေ့ရောညအချိန်မှာပါ စိတ်ကူးယဉ်နေတတ်ကြပါတယ်။ စိတ်ကူးယဉ်အိပ်မက်တွေ မက်နေတာ၊ အတွေးတွေနယ်ချဲ့နေတာကြောင့် တိုးတက်မှုနှေးကွေးနေတတ်ပေမယ့် လူကြီးသူမတွေရဲ့ ဆုံးမစကားတွေကို နားထဲစွဲနေတတ်တဲ့ အကျင့်တွေကြောင့် အကျပ်အတည်းတွေ အခက်အခဲတွေကြုံတွေ့လာချိန်မှာတော့ အဆင်ပြေသွားအောင် ကောင်းကောင်းဖြေရှင်းနိုင်သူတွေ ဖြစ်ကြပါတယ်။

6. Dalmatian Jasper

နံပါတ် (၆) ကျောက်တုံးကို သဘောအကျဆုံး ဖြစ်ရင်
နောက်ဆုံး ကျောက်တုံးလေးကို ရွေးချယ်သူတွေကတော့ ပျော်ပျော်နေတတ်သူတွေဖြစ်ကြပါတယ်။ သည်းထိတ်ရင်ဖို ကိစ္စတွေကို သဘောကျနှစ်သက်လေ့ရှိကြပါတယ်။ အမြဲတက်တက်ကြွကြွ နေလေ့ရှိပြီး အပေါင်းအသင်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေရှိနေပါက ဘယ်တော့မှ မပင်ပန်းတတ်တဲ့ သူပဲဖြစ်ပါတယ်။ စွန့်စား ရတာကို သဘောကျနှစ်သက်ပြီး ကိစ္စရပ်တိုင်းကို မြန်မြန်ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်လေ့ရှိတဲ့အတွက် အမှားအယွင်းတွေ ဖြစ်တတ်ပေမယ့်လည်း သူများထက်တော့ အမြဲလက်ဦးနေလေ့ရှိတတ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top