Healthy Life Ad
International

ဖားဥအမြုပ်က မီးလောင်ဒဏ်ရာကုသရာတွင် များစွာ အထောက်အကူပြု

ကိုထက်

ဖားတွေဟာ သူတို့ရဲ့ ဥလေးတွေမထိခိုက်စေဖို့ ရေမြုပ်လို အမြုပ်တွေပြုလုပ်ပြီး အကာအကွယ် ပြုထားတတ်ကြ ပါတယ်။ အဲဒီ ဖားဥရေမြုပ်တွေဟာ မီးလောင်ဒဏ်ရာ ခံစားနေရတဲ့ လူနာတွေကိုကုသရာမှာ အထောက်အကူ ပြုနိုင်တယ်လို့ သိပံ္ပပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ ဒီအမြုပ်မှာပါတဲ့ လေပူဖောင်းလေးတွေဟာ တစ်ခု နဲ့ တစ်ခု အလွန်ခိုင်မြဲစွာကပ်နေပြီး ပျက်စီးသွားတဲ့ အရေပြားနဲ့ပတ်တီးကြားမှာ ဒဏ်ရာကို အကာအကွယ်ပေး နေနိုင်ရုံသာမက ကုသမှုပေးရာမှာ ဆေးအာနိသင်တွေကိုလည်း ဒဏ်ရာဆီကို ပိုမိုရောက်ရှိစေတယ်လို့ သိပံ္ပပညာရှင်တွေက ယုံကြည်ထားပါတယ်။

စတာဆိုင်လိတ်တက္ကသိုလ်မှ လေ့လာသူတွေက Tungara ဖားလေးတွေရဲ့ အမြုပ်ပြုလုပ်ပုံကို လေ့လာပြီး ပိုမိုဆန်းသစ်တဲ့ ၅စင်တီမီတာခန့်အရွယ်ရှိ အမြုပ်တစ်ခုကို ဖန်တီးပြီး ဖားသားလောင်းလေးတွေ နဲ့စမ်းသပ်ကြည့်ရာ ရာသီဥတုဒဏ်၊ တခြားသားကောင်တွေရဲ့ အန္တရာယ်တွေအပြင် ရောဂါပိုးတွေရဲ့ ဘေးရန်ကနေလည်း ရက်အတန်ကြာ ကာ ကွယ်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီအမြုပ်က ၇ရက်ခန့်မြဲမြံပြီး အမြုပ်ရဲ့ ပုံသဏ္ဌာန်နဲ့ခိုင်ခံ့မှုကို ထိန်းထားနိုင်ဖို့ ပရိုတင်းဓာတ် အနည်း ဆုံး ၆ မျိုးခန့် လိုအပ်တယ်လို့ ဆိုထားပါတယ်။

“ ပိုမိုကောင်းမွန်ပြီး ကြာရှည်ခံနိုင်မယ့် အမြုပ်ကို ဖန်တီးနိုင်ဖို့ ကြိုးစားနေပါတယ်။ အောင်မြင်ဖို့လည်း နီးကပ်နေ ပါပြီ။ ဒါပေမဲ့ တွင်ကျယ်စွာသုံးဖို့တော့ နှစ်အနည်းငယ်ကြာမြင့်နိုင်ပါသေးတယ်… နောက်ထပ်တစ်ကြိမ် စမ်းသပ်မမှာတော့ လူတွေမှာစမ်းသပ်ဖို့ စီစဉ်ထားပါတယ် ”လို့ ဒေါက်တာဟိုစကီဆန်က ပြောကြားခဲ့ပါတယ်။

Ref: BBC

Most Popular

Healthy Life Ad
To Top