Healthy Life Ad
Health Tips

အရေပြားကင်ဆာတွင် ကြောက်စရာအကောင်းဆုံး မှဲ့ကင်ဆာ

– မှဲ့ကင်ဆာဟာ အရေပြားမှာစတင်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါတွေဆီကို ပျံ့နှံ့တဲ့ရှားပါးတဲ့ ရောဂါအမျိုးအစား ဖြစ်ပါသည်။

– အတွေ့ရအများဆုံးလက္ခဏာမှာ မှဲ့အသစ်ဖြစ်ပေါ်တာနဲ့ ရှိပြီးသားမှဲ့အပေါ်မှာ အပြောင်းအလဲဖြစ်ပေါ်တာတွေပဲ ဖြစ်ပါတယ်။

– ခန္ဓာကိုယ်နေရာအနှံ့မှာ ဖြစ်ပေါ်နိုင်ပြီး အများအားဖြင့် နောက်ကျော၊ ခြေထောက်တွေ၊ လက်မောင်းနဲ့ မျက်နှာတို့မှာ ဖြစ်ပေါ်တတ်ပါတယ်။

– ပုံမမှန်တဲ့ ပုံသဏ္ဌာန်ဖြစ်လေ့ရှိပြီး အရောင်တစ်ရောင်ထက် ပိုတတ်ပါတယ်။

– ပုံမှန်မှဲ့တွေထက် အရွယ်အစားကြီးမားလေ့ရှိပြီး ယားယံခြင်းနဲ့ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

– အရေပြားထဲမှာ ဆဲလ်တချို့ပုံမှန်မဟုတ်ဘဲ ဖွံ့ဖြိုးတဲ့အခါမှာ မှဲ့ကင်ဆာဖြစ်ပွားပါတယ်။

– ဘာ့ကြောင့်ဖြစ်ပေါ်တယ်ဆိုတာ တိတိကျကျ မသိရသေးသော်လည်း ခရမ်းလွန်ရောင် ခြည်ဒဏ်ခံရတာနဲ့ ဆော့စ်စားတာတွေကြောင့် ဖြစ်ပေါ်တယ်လို့ ယူဆကြပါတယ်။

Most Popular

Healthy Life Ad
To Top