Healthy Life Ad
Life Style

သင်အကြိုက်ဆုံး ကိန်းဂဏန်းက သင့်အကြောင်း ပြောပြနေပါတယ် . . .

ကိုထက်

လူအများစုမှာ ၁ ကနေ ၁၀ အတွင်း ကိုယ်အကြိုက်ဆုံးကိန်းဂဏန်းတွေ ရှိနေတတ်ပါတယ်။ အဲဒီအကြိုက်ဆုံးကိန်းဂဏန်းက ကိုယ်ရည်ကိုယ်သွေး နဲ့ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

သင်က (၁) တစ်ဂဏန်းကို အကြိုက်ဆုံးဆိုရင်

ချစ်ခင်ဖွယ်ကောင်းသူပါ . .
လူတွေက တစ်ဂဏန်းကို ကြိုက်နှစ်သက်တဲ့သူတွေဟာ တစ်ယောက်ထဲ နတာကို သဘောကျသူတွေဖြစ်တယ်လို့ ထင်နေကြပေမယ့် တကယ်တော့ လူချစ်လူခင်ပေါသူတွေဖြစ်ကြပါတယ်။

သင်က (၂) နှစ်ဂဏန်းကို အကြိုက်ဆုံးဆိုရင်

သိက္ခာရှိသူပါ . . .
အဆင့်အတန်းမြင့်မြင့်တွေကို သဘောကျတတ်ကြပြီး စိတ်ဓာတ်လည်း အဆင့်အတန်း မြင့်ကြသူတွေပါ။ စည်းစနစ်ကျတာကိုသဘောကျပြီး ကိုယ်တိုင်လည်း စည်းကမ်းတွေနဲ့အညီ နေတတ် သူတွေပါ။

သင်က (၃) သုံးဂဏန်းကို အကြိုက်ဆုံးဆိုရင်

တည်တည်တံ့တံ့နေတတ်သူတွေပါ . .
တည်တည်တံ့တံ့နေတတ်ပြီး စိတ်ရင်းသဘောထားကောင်းကြသူတွေပါ။ စိတ်သဘောထားမတိုက်ဆိုင်သူနဲ့ တွေ့နေရချိန်မှာ အလွန်စိတ်ညစ်တတ်သူပါ။

သင်က (၄) လေးဂဏန်းကို အကြိုက်ဆုံးဆိုရင်

စိတ်ခံစားချက်ကို ယုံကြည်သူပါ . . .
စိတ်ထဲမှာထင်တဲ့ အကြောင်းအရာတွေဟာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတတ်ပြီး တစ်ခါတလေ ပျောက်နေတဲ့ ပစ္စည်းကိုတောင် လိုက်မရှာဘဲ စိတ်ထဲက ထင်တဲ့နေရာကို ကြည့်လိုက်တိုင်း ပြန်တွေ့ရတတ်တဲ့အတွက် စိတ်ခံစားချက်ကို ပိုပြီးယုံကြည်သူတွေပါပဲ။

သင်(၅) ငါးဂဏန်းကို အကြိုက်ဆုံးဆိုရင်

စိတ်လှုပ်ရှားလွယ်သူပါ . . .
နှလုံးတွေခုန်၊ ရင်တွေတုန်တာ ဖြစ်လွယ်သူဖြစ်ကြပါတယ်။ ဘယ်လောက်ပဲ လုပ်ချင်စိတ်ပြင်းပြနေပါစေ၊ စိုးရိမ်စရာလေး တစ်ခုလောက်ရှိလာတာနဲ့ စိတ်ပြောင်းလွယ်သူတွေပါ။

သင်က (၆)ခြောက်ဂဏန်းကိုအကြိုက်ဆုံးဖြစ်ရင်

နောက်ပြောင်တတ်သူပါ . . .
ပျော်ရွှင်စရာတွေကို ကိုယ်စားပြုတဲ့ ခြောက်ဂဏန်းကို ကြိုက်သူတွေဟာ စတတ်နောက်တတ်သူတွေ ဖြစ်ကြပါတယ်။ အမြဲဆိုသလို သူငယ်ချင်း အပေါင်းအသင်းတွေကို စနောက်ဖို့ အစီအစဉ်တစ်ခုခု ရှိနေတတ်သူတွေ ဖြစ်ကြပါတယ်။

သင်က (၇) ခုနှစ်ဂဏန်းကို အကြိုက်ဆုံးဆိုရင်

စတိုင်ကျသူပါ . . .
လူတွေက သဘောကျ၊ အားကျတာတွေ ခံရတတ်သူတွေဖြစ်ပါတယ်။ တော်လိုက်တာ. . . လိမ္မာလိုက်တာ. . . ဆိုတဲ့ စကားသံတွေက မကြာခဏဆိုသလို ကြားနေကြပဲဖြစ်ပါတယ်။

သင်က (၈) ရှစ်ဂဏန်းကို အကြိုက်ဆုံးဆိုရင်

ရင့်ကျက်သူပါ . . .
သင်နဲ့အတူ လက်တွဲခွင့်ရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက ကျေနပ်နေကြသူတွေပါ။ သူများတွေထက် ခြေတစ်လှမ်း အမြဲဦးနေတတ်သူတွေ ဖြစ်ကြပါတယ်။

သင်က (၉) ကိုးဂဏန်းကို အကြိုက်ဆုံးဆိုရင်

ဖော်ရွေသူပါ . . .
ခင်မင်စရာကောင်းတဲ့ မျက်နှာမျိုး ကို ပိုင်ဆိုင်ထားသူတွေပါ။ လူတွေရဲ့ အာရုံကို ဆွဲဆောင်ထားနိုင်ပြီး သြဇာ တိက္ကမနဲ့ပြည့်စုံသူတွေပဲ ဖြစ်ကြပါတယ်။

သင်က (ဝ) သုညကို အကြိုက်ဆုံးဆိုရင်

မြူးကြွရွှင်ပျသူပါ . . .
သုညကို သဘောကျတဲ့သူတွေက ဟာသဉာဏ်ရွှင်သူတွေဖြစ်ပြီး လူတိုင်းကို ပျော်ရွှင်စေသူတွေပဲဖြစ်ပါတယ်။ သွက်လက်ဖျတ်လတ်တဲ့ စရိုက်ရှိပြီး ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာချနိုင်သူတွေလည်း ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top