Healthy Life Ad
Health Tips

ကင်ဆာလူနာ သက်ရှည်ကျန်းမာခြင်း အပေါ် သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး၏ အမြင်

“ ဒီလိုလူနာတွေကို တစ်ခါတစ်ခါတော့ တွေ့ဖူးပါတယ်။ ဘဝမှာ သုံး/လေးယောက်လောက် တွေ့ဖူးပါတယ်။ ကင်ဆာလူနာတို့ ဘာသာတရားဖြင့် ရှင်သန်နေထိုင်ခြင်း (Religious Coping With Cancer) ဆိုင်ရာ သုတေသန စာတမ်းတွေ ရှိပါတယ်။ အဲဒါတွေကို လေ့လာကြည့်လိုက်တော့ ဘာသာတရားနဲ့ နေထိုင်တာက ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်လို့ သုတေသန အများစုအရ တွေ့ရပါတယ်။ ကင်ဆာလူနာတွေမှာ တချို့က ရောဂါကို ဓမ္မစွမ်းအားနဲ့ ရင်ဆိုင်ကျော်လွှားပြီး သက်ရှည် ကျန်းမာနေတာကို တွေ့ရပါတယ်။ ဒီလိုနေထိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု ပိုရှိလာပါတယ်၊ ဘဝက ပိုအဓိပ္ပာယ် ရှိလာပါတယ်၊ ဘဝက ပိုပြီး ရည်ရွယ်ချက် ရှိလာပါတယ်၊ စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိသွားပြီး မျှော်လင့်ချက် ရောင်ခြည်ရှိသွားပါတယ်။ ကင်ဆာဝေဒနာရှင်တွေ ဓမ္မစွမ်းအားနဲ့ နေထိုင်ခြင်းဆိုင်ရာ သုတေသန စာတမ်းအများစုမှာလည်း ကျန်းမာသက်ရှည်တဲ့ ကောင်းကျိုးရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားပါတယ် “

ပါမောက္ခဦးသိန်းမြင့်သူ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးမှ ဖြေကြားသည်

Most Popular

Healthy Life Ad
To Top