Healthy Life Ad
International

ကလေးအသက်ကိုကယ်တင်ရန် ကင်ဆာကုသမှုကို ရွှေ့ဆိုင်းသည့် ကိုယ်ဝန်ဆောင်မိခင် ချောမောစွာမီးဖွားပြီးနောက် ကွယ်လွန်

၊ မိုးမင်းထွန်း ၊
အမေရိကန်ပြည်ထောင်စု မစ်ဆူရီမှ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ မိမိကလေးကို ကယ်တင်ဖို့ ခေါင်းမာတဲ့ ဆုံးဖြတ်ချက်ဟာ ကြေကွဲမှုနဲ့ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

Untitled-8
အသက် ၃၈ နှစ်အရွယ် ကာရာခွန်းဟာ သူရဲ့စတုတ္တမြောက်ကလေးကို ၂၃ ပတ်မြောက်ကြာ ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ အရေပြားကင်ဆာ အဆင့်၄ကို ရောက်ရှိနေပြီလို့ ရောဂါရှာဖွေတွေ့ရှိခဲ့ပါ တယ်။ ကင်ဆာအထူးကုရဲ့ ချက်ချင်းကုသမှုခံယူဖို့ အကြံပေးမှုကိုငြင်းပယ်ပြီး သူဟာ ၂၈ ပတ်မြောက်မှာ မွေးဖွားဖို့ အတွက် နောက်ထပ် ငါးပတ်ကြာ ရွှေ့ဆိုင်းမှုကို ရွေးချယ်ခဲ့ပါတယ်။

ရဲရင့်လှတဲ့မိခင်ဟာ ခန့်မှန်းထားတဲ့ အချိန်ထက် ရက်အနည်းငယ်စောပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂ ဒသမ ၁ ပေါင် ကိုယ်အလေးချိန်ရှိတဲ့ ကလေးငယ်ကို မွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရှိရပါတယ်။

Untitled-9
သူကို နောက်ထပ် ၄၈ နာရီအကြာမှာ ကိုယ်ခံအား တိုးတက်အောင်ပြုလုပ်ပေးမယ့် ကုထုံးကိုပြုလုပ်ပေးဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမဲ့ မီးဖွားပြီး ၃ရက် အကြာမှာ ကာရာခွန်းဟာ ကွယ်လွန်သွား ခဲ့ပြီဖြစ်ပါတယ်။
ဆရာဝန်တွေက ကင်ဆာရောဂါ ခံစားရတာ၊ ရှည်ကြာတဲ့ ကိုယ်ဝန်ဆောင်မှုနဲ့ ခွဲစိတ်မွေးဖွားရမှုတွေဟာ သူရဲ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ်အတွက် ဖိအားဒဏ်များလွန်းခဲ့တယ်လို့ ပြောပါတယ်။

“ကာရာဟာ အံ့သြစရာကောင်းတဲ့ ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ ကလေးငယ်ကို ကမ္ဘာလောကကြီးထဲမှာ ဆက်လက်အသက်ရှင်ဖို့ အရာရာကို စွန့်လွှတ်ခဲ့ပါတယ်”လို့ သူရဲ့ ခင်ပွန်းရိုင်းခွန်းက ပြောပြပါတယ်။

ကာရာရဲ့သေဆုံးမှုကြောင့် သူတို့မိသားစုဟာ နိုင်ငံတစ်ဝှမ်း လူထောင်ပေါင်းများစွာရဲ့ အားပေးမှုကိုရရှိခဲ့တယ် လို့လည်း သိရပါတယ်။
(Ref;DM)

Most Popular

Healthy Life Ad
To Top