Healthy Life Ad
Health Tips

နေ့စဉ် ဒိန်ချဉ်စားခြင်းဖြင့် ဆီးချိုရောဂါဖြစ်နှုန်း ၁၈ ရာခိုင်နှုန်း လျော့ကျစေနိုင်

နေ့စဉ်နေ့တိုင်း ဒိန်ချဉ်စားပေးရင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလောလေ့လာမှုအရ သိရပါတယ်။ အသက် ၂၅ နှစ်နဲ့ ၇၅ နှစ်ကြား အမျိုးသား၊ အမျိုးသမီးဦးရေ နှစ်သိန်းကို လေ့လာခဲ့တဲ့စစ်တမ်းအရ နေ့စဉ်ဒိန်ချဉ်ကို ပုံမှန်စားလေ့ရှိသူတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နှုန်း သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့အတွက် အူလမ်းကြောင်းရှိ အစာခြေဖျက်တဲ့ဖြစ်စဉ်ကို ကောင်းကျိုးဖြစ်စေပါတယ်။ ဒါ့အပြင်ဒိန်ချဉ်ရဲ့ အင်တီအောက်ဆီးဒင့်အစွမ်းကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နှုန်း လျော့ကျစေတာ ဖြစ်ကောင်းဖြစ်မယ်လို့လည်း ယူဆထားကြပါတယ်။

Most Popular

Healthy Life Ad
To Top