Healthy Life Ad
International

ကမ္ဘာ့အသက်အရှည်ဆုံးလူများရှိရာ ဂျပန်နိုင်ငံ

၊ မိုးမင်းထွန်း ၊

လူတွေဟာ ယခင်ကထက်ပိုပြီး အသက်ရှည်ရှည် နေထိုင်နေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အဆိုအရ ကမ္ဘာတစ်လွှားလူအများစုဟာ အသက် ၆၀ တန်းမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

လူ့သက်တမ်း နှစ် ၆၀ နှုန်းနဲ့ တွက်ချက်ရင် ကမ္ဘာ့အသက်အရှည်ဆုံး လူများရှိရာနိုင်ငံက ဂျပန်ဖြစ်ပါတယ်။ သူ့နောက်မှာ မက်ဒီတေးနီးယန်းနိုင်ငံတွေ၊ အရှေ့အာရှနိုင်ငံတွေနဲ့ စီးပွားရေးကောင်းမွန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်တဲ့နိုင်ငံတွေက ကပ်လိုက်နေတယ်လို့ သိရပါတယ်။ အသက်ရှည်တာက လူတစ်ဦးချင်းရဲ့ နေထိုင်မှုပုံစံနဲ့ အသက်အရွယ်ကြီးရင့်သူတွေအတွက် ပတ်ဝန်းကျင်ကောင်းရှိမှုတွေအပေါ်မှာ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

အသက်၆၀ရှိတဲ့ ဂျပန်လူမျိုးတွေဟာ ပျမ်းမျှလူ့သက်တမ်း ၈၆ နှစ်အထိ အသက်ရှည်ကြတယ်လို့ သိရှိရပြီး ကမ္ဘာပေါ်မှာ စံနှုန်းအမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံဟာ အသက် ၆၄ နှစ်ကျော်တွေ ဖြစ်ကြပြီး အိုကီနာဝါဒေသဟာ ရာကျော်ဘိုးဘိုးဘွားဘွားတွေ ကမ္ဘာ့အများဆုံးနေထိုင်ရာ နေရာဖြစ်ပါတယ်။

“ဒီလို အသက်ရှည်ရတာရဲ့ အချက်တစ်ချက်က သူတို့ရဲ့ရိုးရာ အစားအစာပါပဲ”လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဂျွန်ဘီယာ့ဒ်က ပြောပါတယ်။ ဂျပန်ရိုးရာအစားအစာမှာ အသားဓာတ်နဲ့ ပြည့်ဝဆီလျော့နည်းတဲ့ လက်ဆတ်တဲ့ငါးနဲ့ ဟင်းသီးဟင်းရွက်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အသက်ကြီးသူတွေရဲ့ တက်ကြွဖျတ်လတ်တဲ့ နေထိုင်မှုပုံစံဟာ ဂျပန်ရဲ့စံနှုန်းလည်း ဖြစ်ပါတယ်။ လူတွေကို အပြင်ထွက်ချင်လာအောင် ဆွဲဆောင်ပေးတဲ့ ကျေးလက်ရှုမျှော်ခင်းတွေ၊ ခိုင်မာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကလည်း အသက်ရှည်စေတဲ့ အချက်တွေလို့ ဘီယာ့ဒ်က ဆက်ပြောပါတယ်။ အားကောင်းတဲ့ မိသားစုဖွဲ့စည်းပုံစနစ်တွေ၊ အသက်ကြီးသူတွေကို စိတ်ဖိစီးမှုလျော့နည်းစေတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေနဲ့ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် လူမှုရေးမညီမျှမှု နည်းပါးတာကလည်း ကောင်းကျိုးကိုဖြစ်စေတယ်လို့ ဆိုပါတယ်။

ဥစ္စာဓနကြွယ်ဝမှုဟာ ကျန်းမာရေးကောင်းမွန်မှုနဲ့ တိုက်ရိုက်အချိုးကျပြီး အသက်ရှည်တာက အားကောင်းတဲ့ စီးပွားရေးစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေရဲ့ အကျိုးဆက်လို့ သူကဆက်ပြောပါတယ်။

ချမ်းသာတဲ့ဥရောပမှာ အသက်ကြီးသူအရေအတွက်ဟာ အသက်ငယ်သူအရေအတွက်ထက် ပိုများပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကောင်းတဲ့ စင်ကာပူ၊ မိုနာကို၊ အန်ဒိုရာ၊ သြစတြေးလျ၊ ကနေဒါ၊ လူဇင်ဘတ်၊ နယူးဇီလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေဟာ ဂျပန်ပြီးရင် အသက်ရှည်သူ လူဦးရေများပြားတဲ့ နိုင်ငံတွေလို့လည်း သိရပါတယ်။

(Ref;CNN)

Most Popular

Healthy Life Ad
To Top