Healthy Life Ad
International

ရုပ်ချင်းတူအမြွှာရှိသော အမျိုးသမီးမှ ရှားရှားပါးပါး  နောက်ထပ် ရုပ်ချင်းတူအမြွှာ မွေးဖွား

၊ မိုးမင်းထွန်း ၊

မီရှယ်ကွတ် ကိုယ်ဝန်ဆောင်ခဲ့တဲ့ အချိန်မှာ သူတို့လို ရုပ်ချင်းတူအမြွှာ မွေးဖွားလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ ပါဘူး။

သူရဲ့ရုပ်ချင်းတူအမြွှာ ဆာရာကို သမိုင်းတစ်ပတ်လည်ရင် ကောင်းမယ်လို့သာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက သူရဲ့ကိုယ်ဝန်ဟာ အမြွှာဖြစ်ကြောင်းနဲ့ ရုပ်ချင်းတူတဲ့ ထပ်တူအမြွှာဖြစ်ကြောင်း အတည်ပြု ခဲ့တဲ့အခါ အံ့သြဝမ်းသာခဲ့ရပါတယ်။ ရုပ်ချင်းတူအမြွှာတွေဟာ သန္ဓေတည်ပြီးနောက် သားဥတစ်ခုတည်းက ဖြစ်ပေါ်လာကြပြီး မိသားစုအများစုမှာ မမွေးဖွားကြပါဘူး။

ရုပ်ချင်းတူအမြွှာရနိုင်ခြေဟာ လူ ၁၀ဝ၀ မှာ ၃ဦးသာရှိပြီး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ  မျိုးဆက်နှစ်ခု ဆက်တိုက်ရရှိမှုဟာ ဖြစ်ခေါင့်ဖြစ်ခဲလို့ ဆိုပါတယ်။

နှစ်၃၀ကျော် အတွေ့အကြုံရှိတဲ့ သားဖွားမီးယပ်ဆိုင်ရာအတိုင်ပင်ခံ လိုင်လာဟန်တာက ယခင်က ဒီအဖြစ် အပျက်မျိုးကို မကြားဖူးဘူး။ ရုပ်ချင်းတူဖြစ်ဖို့ဟာ အတော်ရှားပါးပါတယ်။ ဒုတိယမျိုးဆက်မှာ ဆက်တိုက်ရုပ်ချင်း တူ အမြွှာဖြစ်ပေါ်တာဟာ ကြုံတောင့်ကြုံခဲပါ လို့သူက ပြောပါတယ်။

မီရှယ်ဟာ အမြွှာသမီးလေးနှစ်ယောက်ကို ပြီးခဲ့တဲ့စက်တင်ဘာလက မွေးဖွားခဲ့ပြီး ကလေးနှစ်ယောက်စလုံးကို ချောချောမောမော မွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးနှစ်ယောက်စလုံးဟာ ကျန်းကျန်းမာမာရှိကြပြီး ရုပ်ချင်းတူညီ လွန်းတာကြောင့် ခွဲခြားနိုင်အောင် ကလေးတစ်ယောက်ကို လက်သည်းနီပန်းရောင် ဆိုးပေးထားတယ်လို့ သူက ပြောပါတယ်။

မီရှယ်က- ကျွန်မနဲ့ကျွန်မရဲ့ရုပ်ချင်းတူအမြွှာဆာရာတို့ဟာ အတော့်ကို ရင်းရင်းနှီးနှီးနဲ့ ကြီးပြင်းလာခဲ့ကြတာပါ။ ကျွန်မတို့ကြားမှာ ထူးခြားတဲ့ သံယောဇဉ်မျိုးရှိကြပါတယ်။ ကျောင်းမှာ အတန်းတွေကို လူလဲပြီးတက်ကြတယ်။ လူတွေကို မျက်လှည့်ပြဖို့ အဝတ်အစားတွေလဲဝတ်ကြတယ်။ တစ်ခါတလေ ကျွန်မတို့ ရည်းစားတွေကိုတောင် ပုံမှားရိုက်ပြီး စနောက်ခဲ့ကြပါတယ်။ စဉ်းစားတွေးခေါ်တာတွေလည်း တူညီပြီး အဝတ်အစားနဲ့ ပရိဘောဂပစ္စည်း တွေကြိုက်တဲ့နေရာမှာလည်း တူညီကြပါတယ်။ ကျွန်မတို့ရဲ့ အမေကတောင်မှ တစ်ခါတလေလူမှားလေ့ရှိပြီး အထူးသဖြင့် ဖုန်းထဲမှာပေါ့လို့ မီရှယ်ကပြောပါတယ်။

သူရဲ့အမြွှာသမီးတွေကို သူတို့လို ရင်းရင်းနှီးနှီး ကြီးပြင်းလာတာကို မြင်လိုကြောင်းနဲ့ သူ့လိုအတွေ့အကြုံမျိုး ကလေးတွေရရှိတော့မှာကို ဝမ်းသာမိကြောင်း မီရှယ်ကဆက်ပြောပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top